ရေစက်တွေရဲ့စေရာအတိုင်းJeonဟာ
အလှတရားလေးကိုစွဲလန်းမိခဲ့ပြီး
တစ်သက်လုံးပိုင်ဆိုင်နိုင်ဖို့ရာ
ရက်ရက်စက်စက်တွေချုပ်နှောင်ပစ်ခဲ့သည်။ဘဝတွေပျက်ခဲ့မှုမှာမှားလားမှန်လား
တရားလားမတရားလားသူမသိခဲ့ဘဲ
အလှတရားလေးကို
ချောင်ပိတ်စွာပဲသူရိုက်ချသွားခဲ့တာ....ရူးသွပ်မှုတွေနဲ့ချည်နှောင်သွားခဲ့ရာမှာ
အလှတရားလေးအတွက်
ပြေးပေါက်တွေမဲ့ခဲ့ရသည်။အခန်းထဲသော့အထပ်ထပ်ခတ်ကာ
ရေနှစ်ခံရသလိုမွန်းကြပ်မှုတွေနဲ့အတူ
ရွေးချယ်စရာမရှိနေတဲ့ရွေးချယ်မှုတွေမှာ
အလှတရားလေးနွံထဲနစ်ခဲ့ရပြီး
ရုန်းဖို့ရာကိုတော့ထိုနွံတွေက
ခွင့်ပြုလိမ့်မည်မဟုတ်တော့...."မောင့်ကိုလက်ထက်မလား
မဆိုင်တဲ့လူတွေကိုဆွဲထည့်မလား"ဆိုသည့်
ချောင်ပိတ်ရိုက်မှုအနေအထားတွေမှာ
Jeon Jung KookဟာPark Ji Min၏
အမုန်းတို့စီးဆင်းရာမြစ်အဖြစ်
ထာဝရစတင်ဖြစ်တည်ခဲ့ရပြီ။ဆေးရောင်တွေသည်ပန်းချီကားချပ်ပေါ်၌
မှားနေရင်းဆက်မှားနေဆဲပဲ။--------
ဆိုးလ်မြို့မှာမုန်တိုင်းတွေထန်နေခဲ့ပြီဆိုသော်
မထူးခြားနားCaliforniaပြည်နယ်၏
မြို့တစ်ခုမှာလည်းနေဝင်ခါစအချိန်၌
မုန်တိုင်းတို့အစပျိုးနေခဲ့လေပြီ။Jeon Jung Kookဘက်မှအပေးအယူအတိုင်း
Park Ji Minဖုန်းကိုဝင်နှောင့်ပေးသည့်အခါ
Jin Hyung၏တည်နေရာသည်
Californiaရဲ့အလယ်ထင်းခနဲပဲ။
ဘယ်ကောင်မှခေါ်မနေတော့ဘဲ
လိုက်သွားကြည့်မိသည့်အခါ
Jeon Jung Kookစကားအပိုမပြောဘူးဆိုတာ
သဘောပေါက်လိုက်ရသည်။တောင်ကုန်းတောင်တန်းတွေများတဲ့နေရာချောင်ကျကျကတိုက်အိမ်ကလေးတစ်လုံးမှာ
Jin Hyungနဲ့Kim Nam Joonနှစ်ယောက်လုံးတကယ်ရှိနေခဲ့ကြသည်။သူ့ကိုကျထားခဲ့ပြီးသူမဟုတ်တဲ့
တခြားတစ်ယောက်နဲ့ရှိနေတဲ့Hyungကြောင့်
ဒေါသတွေလွတ်ထွက်သွားကာ
ရုတ်တရက်မှာသူ့ကိုတွေ့ပြီး
ကြောင်ကြည့်နေသည့်လူသားကို
တွန်းထုတ်ပစ်လိုက်မိသည်။အရမ်းချစ်ရပါတယ်ဆိုတဲ့
Hyungဆိုတဲ့လူသားကိုလေ
ကျွန်တော့်လက်တွေနဲ့ပိတ်တွန်းပစ်တာ
ခုံစောင်းနဲ့ခေါင်းတည့်တည့်ဆောင့်မိသွားခဲ့တယ်။
ကျွန်တော်ပြေးမထွေးပွေ့မိခဲ့ဘူး။
ဘာလို့လဲဆိုတော့ကျွန်တော့်ထက်အရင်
ဟိုကောင်ကပြေးထွေးပွေ့သွားတယ်လေ...
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦