P_37(2)🚬

5.4K 502 54
                                    

ခြေလှမ်းလေးတွေ
တုန်တုန်ရီရီနဲ့တက်လာခဲ့ပြီးအဆုံး
အခန်းတံခါးအရှေ့အရောက်
တံခါးဖွင့်ဖို့လှမ်းနေသည့်
လက်လေးတွေလည်းတုန်ရီလွန်းနေကာ
မျက်လုံးမှေးမှေးလေးတွင်လည်း
မျက်ရည်လေးတွေတစ်စက်ချင်းစီးကျနေခဲ့သည်။

ဘယ်ကစပြောရမလဲ...
ဘယ်ကစတောင်းပန်ရမလဲမသိတော့ဘဲ
ကိုယ်တိုင်ကမှားထားတဲ့သူမို့လို့
တံခါးဖွင့်ခါနီးလက်လေးတွေလေထဲ
ရပ်တန့်နေခဲ့ရသည်။

ခဏအကြာမှမျက်လုံးတွေစုံမှိတ်လိုက်ရင်း
အသက်ကိုဖြည်းဖြည်းချင်းရှူသွင်းလိုက်ပြီး
ဖြစ်ချင်ရာဖြစ်တော့ဆိုကာ
ဝင်ချသွားခဲ့ပေမဲ့...

အခန်းထဲရောက်ရောက်ချင်း
အရက်နံ့တွေနဲ့ဆေးလိပ်နံ့တွေ
ထောင်းခနဲနဲ့အတူ...

တစ်ခန်းလုံးဖြစ်နေတဲ့ပုံစံကြောင့်
အသက်ရှူပါရပ်တော့မလိုလိုဖြစ်ပြီး
မျက်နှာလေးမဲ့ကျသွားခဲ့သည်။

ပြတင်းပေါက်တွေရော
ဝရံတာဘက်ကတံခါးတွေပါ
တစ်ခုမကျန်အကုန်ပိတ်နေပြီး
လိုက်ကာတွေလည်းအကုန်ကာထားခဲ့၍
တစ်ခန်းလုံးအလုံပိတ်ကြီး။

စားပွဲပေါ်မှာလည်း
ဘယ်နှပုလင်းမှန်းတောင်မသိသော
အရင်တစ်ခါတုန်းက
အရမ်းပြင်းတယ်လို့ပြောဖူးသည့်
အရက်ပုလင်းတွေသည်နည်းနောမဟုတ်...

လဲတဲ့ပုလင်းကလဲနေပြီး
စီးကရက်တွေကလည်းကြမ်းပြင်ထက်
သောက်လက်စတွေသည်
ဟိုတစ်လိပ်ဒီတစ်လိပ်ပျံ့ကျဲနေခဲ့သည်။

လူကိုရှာမိတော့ဝရံတာကိုကာထားသည့်
မှန်ကြီးကိုမှီပြီးကြမ်းပြင်ထက်ထိုင်နေခဲ့ပုံသည်
အတည်ငြိမ်ဆုံးပုံစံဖြင့်...

မျက်လုံးတွေမှိတ်ထားပြီးငြိမ်သက်နေသော
သူ့လူရဲ့ပုံစံတွေ...အခန်းရဲ့ပုံစံတွေနဲ့...
မီးအလင်းအမှောင်တွေကြောင့်
သူ့စကားတွေတော်တော်မှားခဲ့မိမှန်း
ပိုသေချာသွားခဲ့သည်။

ခြေလှမ်းတွေတံခါးဝနားတင်
ကျောက်ချမိရင်းရပ်ကြည့်နေမိတုန်း
မှန်ကိုမှီပြီးမှိန်းနေခဲ့သည့်မျက်ဝန်းတွေ
ဖြည်းဖြည်းချင်းပြန်ပွင့်လာပြီး
သူ့ဆီတည့်တည့်စိုက်ကြည့်လာခဲ့သည်။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now