အချိန်တွေသည်ဘာမှသိပ်မဟုတ်လိုက်သလိုလို....
ဟိုလှည့်ဒီလှည့်ဖြင့်လက်ထပ်ပြီးလေးနှစ်အကြာရဲ့
လေးကြိမ်မြောက်နှစ်ဦးအတူတူဖြတ်သန်းရမယ့်ခရစ်စမတ်နေ့ရဲ့မနက်ခင်းလေးကို
ထပ်မံရောက်ရှိလာခဲ့ပြန်သည်။လေးနှစ်တိတိရှိခဲ့ပြီ။
စီးကရက်လေးအတွက်ခရစ်စမတ်တွေက
သိပ်လှလာခဲ့တာ...
သိပ်အဓိပ္ပာယ်တွေရှိလာခဲ့တာ....
Jeon Ji Minနဲ့Jeon JiKooလေး
ရှိလာခဲ့လို့ဖြစ်ပါလိမ့်မည်။အရင်တုန်းက....
တော်ပါပြီ။
တစ်ယောက်တည်းအချိန်တွေတုန်းက
အကြောင်းတွေကိုနောက်ကြောင်းပြန်ပြီး
မဆွေးချင်တော့ဘူးမို့လို့
အတွေးတွေကိုခပ်မြန်မြန်ကောက်သိမ်းလိုက်ပြီး
အိမ်ရှေ့ဧည့်ခန်းထဲကပြတင်းပေါက်နားမှာ
ခရစ်စမတ်သစ်ပင်ကိုသေချာပြန်ပုံချနေသည့်
လူသားလေးအနားပဲ
ဖြည်းဖြည်းချင်းတိုးသွားမိသည်။မမှီတမှီခြေဖျားလေးထောက်ပြီး
သစ်ပင်ကိုအလှဆင်နေတဲ့သူလေးရဲ့
ဆွယ်တာလက်ရှည်အနီလေးနဲ့ခါးလေးကို
နောက်ကနေသိမ်းကြုံးပွေ့ဖက်ပြီး
လည်ပင်းနုနုထဲမျက်နှာကိုအပ်လိုက်တော့
လုပ်လက်စကိုခဏရပ်လိုက်ပြီး
သူ့လက်တွေကိုထပ်လျက်ကိုင်လာသော
လက်သေးသေးလေးနှစ်ဖက်ကြောင့်
စီးကရက်လေးနှုတ်ခမ်းပါးလေးတွေ
နူးနူးညံ့ညံ့လေးကွေးတက်သွားခဲ့သည်။လေးနှစ်တာသူတို့ရဲ့အိမ်ထောင်ရေးမှာ
ဒါဟာအနှစ်ပဲ။တစ်ချို့စုံတွဲတွေဆိုယူခါစသာပလူးပလူး...
အချိန်ကြာလာရင်ရိုးအီသွားသလိုလို
တစ်ယောက်ကလာထိရင်
တစ်ယောက်ကမကြိုက်ရတာနဲ့
ဘာညာဘာညာပြသာနာအစုံအစိတွေ
ရှိလာခဲ့ဖူးပေမဲ...
ဒီတက်တူးတွေနဲ့လက်တွေခါးထက်လာရစ်နွယ်ရင်
ဒီလက်သေးသေးလေးတွေက
ဘာလုပ်နေလုပ်နေအကုန်ပစ်ချပြီး
ထပ်လျက်ပြန်ကိုင်လာပေးထားမှာဟာ
လေးနှစ်ကြာမဟုတ်ဘူး
အနှစ်လေးဆယ်ကြာ၊လေးရာကြာဆိုရင်တောင်
မြတ်မြတ်နိုးနိုးပဲဆုပ်ကိုင်ထားဦးမှာ....အချစ်စစ်မှာရိုးအီသွားတာမျိုး၊
စိတ်ပျက်သွားတာမျိုးလုံးဝမရှိဘူးတဲ့...
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦