New Yorkရောက်တာတစ်ပတ်မပြည့်လိုက်ပေမဲ့
သတိနှစ်ခါအထိလစ်ကျသွားခဲ့ရသော
ချစ်ရသူကြောင့် ဆရာဝန်လေး
ဒီနေရာမှာထပ်မနေချင်တော့ဘဲ
ချစ်ရသူသတိမရသေးခင်အချိန်မှာတင်
ကိုရီးယားဆီအတင်းပြန်လာခဲ့သည်။သူ့လူတစ်ခုခုဖြစ်ရင်
အမြဲခြေမကိုင်မိလက်မကိုင်မိလူမို့လို့
Fashion Kingကြီးကပဲ
ပြန်ဖို့အစအဆုံးစီစဉ်ပေးခဲ့ကာ
Fashion Kingကြီးသည်တော့ပြန်မလိုက်ခဲ့သေး။သူငယ်ချင်းဖြစ်သူလည်ပင်းကလက်ရာ
တရားခံကိုရှာပြီး ဆွဲဖြဲပစ်ဖို့
အံတကြိတ်ကြိတ်ဖြစ်နေခဲ့သည်။Jeon Jung Kookကိုထိရင်
Jung Ho Seokကိုလည်းလာကလိလိုက်သလိုမို့လို့
ရုပ်ရှင်ရုံတစ်ခုလုံးမြေလှန်ပြီးစစ်သော်လည်း
CCTVတွေသက်သေတွေ
အကုန်ပျောက်နေတာကြောင့်
ဒါဟာရည်ရွယ်ချက်ရှိရှိဆိုတာ
သေချာသွားပြီ။ဆက်မရှာနေတော့ဘဲ
ကိုရီးယားကိုပြန်လာခဲ့၍
သူငယ်ချင်းဖြစ်သူသတိရလာမှ
ဖြစ်ခဲ့သမျှအကုန်ပြောခိုင်းပြီး
ဆက်စီစဉ်ဖို့ဆုံးဖြတ်ထားလျက်
အစောင့်တွေbodyguardတွေကိုတော့
အရင်ကထက်အများကြီးထပ်ဖြည့်ခဲ့သည်။Jeonစံအိမ်ကြီးမှာJi Minနဲ့ Jung Kookကို
နှစ်ယောက်တည်းသူစိတ်မချတော့။
Jungkookရဲ့လက်အောက်က
နိုင်ငံခြားကောင်ကြီးတွေရော
နှင်ထုတ်ခံထားရတဲ့
သူ့bodyguardတွေကိုပါပြန်ခေါ်ချလာပြီး
တစ်အိမ်လုံးနေရာအနှံ့...
လိုအပ်ရင်ထည့်ဖြည့်ဖို့လူတွေဟာလည်းအသင့်။ဘယ်သွားသွားနောက်က
ထပ်ကြပ်မကွာလိုက်ဖို့တွေကနေ
အသက်အန္တာရာယ်ထပ်ရန်ရှာလာရင်
ခါးကြားထဲကသေနတ်ပါ
သုံးလို့ရတယ်ဆိုတာတွေအထိ
Hopeတစ်ယောက်တည်း
လုံခြုံရေးတွေအကုန်
အထပ်ထပ်လုပ်ပေးသွားခဲ့သည်။New Yorkကရုပ်ရှင်ရုံကိုမြေလှန်ပြီး
ချက်ချင်းကိုရီးယားပြန်အရောက်
သတိရလာတာသိပ်မကြာသေးတဲ့
Jungkookပြောပြချက်တွေနဲ့
Fashion Kingကြီးသည်တော့
စုံစမ်းမြဲစုံစမ်းဆဲ....
သို့သော် ဘာမှမသိရဆဲ...သေချာတာကတော့
တစ်ဖက်လူကလည်းပေါ့သေးသေး
မဟုတ်လောက်ခဲ့ဘဲ
သေချာကိုအငြိုးတွေနဲ့
အကွက်ကျကျရွေ့မယ့်ကောင်မျိုး။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦