အိပ်မက်ဆိုးတွေရဲ့တိုက်ခိုက်မှုကြောင့်
နှစ်သိမ့်ပေးတယ်...
အနှစ်သိမ့်ခံတယ်ဆိုသော
ခေါင်းစဉ်တွေအောက်
သူ့ဘက်ကလည်းမငြင်းသလို
ကိုယ့်ဘက်ကလည်းလိုလားခဲ့သည့်
အသက်ရှူရပ်မတတ်
အနမ်းတွေရှိခဲ့ပြီးနောက်ပိုင်း
ဆရာဝန်လေးဘက်က
သိသိသာသာကို
စီးကရက်လေးဘေးကနေ
တရှောင်ရှောင်လုပ်လာခဲ့သည်။မုန်းနေလို့မဟုတ်ပေမဲ့
မျက်နှာချင်းမဆိုင်ရဲတော့မှုမှာ
ရှောင်ဖယ်နေခြင်းအပေါ်
ဆေးလိပ်ငွေ့လိုစိတ်တွေက
တွေးချင်ရာတွေတွေးပစ်နေသည်မှာ
အဝေးကြီးတွေရောက်ကုန်သည်အထိ။တစ်ယောက်တည်းကြိတ်တွေးလေ
ကြိတ်ရူးရလေဖြစ်လာနေပြီမို့လို့
စီးကရက်လေးအခြေအနေသိပ်မဟန်တော့...
အနားကရှောင်ဖယ်နေသူလေးကိုမရ
ရအောင်ဖမ်းပြီးရှောင်ဖယ်နေရသည့်အကြောင်း
အရင်းတွေကိုမေးကြည့်ချင်မိခဲ့သည်။ချစ်သူမကျ သူစိမ်းမကျ လင်မယားမကျ
ဘာမှကျမနေသေးသည့်အခြေအနေမျိုးကြီးမှာ
ယောင်လည်နေရတာကိုသူသိပ်မကြိုက်။အစတုန်းကကိုယ့်ဘက်ကရူးရင်ရပြီဆိုပေမဲ့
အခုတော့ကလေးလေးဘက်ကိုပါ
ရူးစေချင်လာသည်။
နှစ်ဦးနှစ်ဖက်အပေးအယူမျှရင်
ခံစားချက်တွေဘယ်လောက်
လွင့်လိုက်သလဲဆိုတာတွေသိခဲ့ရပြီမို့လို့
စီးကရက်လေးစီးကရက်တွေဖွာရင်း
ဝရံတာထက်အကြံအိုက်နေရသည်။မြေအောက်ခန်းတွေထဲကလွှတ်ပေးခဲ့ပြီမို့လို့
သေချာကြီးကိုရှောင်ဖယ်နေခဲ့ပါသော
သူ့ရူးသွပ်ရာလေးက
တစ်အိမ်လုံးအနှံ့ကိုအပုန်းကောင်းနေသည်။
ထမင်းစားရင်လည်း ငါစားသူထ
ငါမရှိမှသူစားတွေဖြစ်နေ၍
အခြေအနေသည်ဝဲမြဲဝဲဆဲ။အရင်လိုချုပ်ပြီးအတင်းအကျပ်တွေတော့
သူမလုပ်ရဲတော့ မလုပ်ရက်တော့ဘူးမို့လို့
ဘယ်လိုမေးရင်ကောင်းမလဲကို
စီးကရက်တစ်လိပ်ဖြင့်အဖြေလာရှာနေရသည်။စီးကရက်တွေလည်း စိတ်ဓာတ်ပဲ
ဒီနေ့မှအဖြေတွေလာမဲ့နေရတယ်လို့...ဝရံတာဘောင်နဲ့မီးသတ်ပစ်လိုက်ပြီး
စီးကရက်တွေကိုအပြစ်တင်နေတုန်း
ခြံထဲမှပုံရိပ်လေးတစ်ခုလှုပ်ခနဲ။
အမြန်လှမ်းကြည့်မိလိုက်တဲ့အခါ
သူ့ကိုရှောင်ဖယ်နေတဲ့သူလေးဖြစ်နေသည်။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦