P_19🚬

4.8K 450 77
                                    

Hopeရဲ့ကောင်တွေပြောတဲ့လမ်းအတိုင်း
မောင်းချလာခဲ့သောကားအရှိန်တွေသည်
တာယာတွေပင်မီးပွင့်မတတ်။
ကားတာယာမီးပွင့်မပွင့်တော့မသေချာပေမဲ့
မောင်းလာတဲ့လူကတော့မီးပွင့်နေတာ
သေချာနေသည်။

မောင်းလာသည့်တစ်လမ်းလုံး
ဘရိတ်တစ်ချက်မအုပ်...
လီဗာကိုသာဖိဖိနင်းလာကာ
မေးရိုးတွေဟာလည်းတကြိတ်ကြိတ်ဖြင့်။

ဘူဆန်သွားတဲ့အဝေးပြေးလမ်းမပေါ်
ရောက်သာလာခဲ့တယ်
Park Ji Minဘယ်သွားမှန်းမသိနေခဲ့၍
စရီယာရင်တိုင်တွေကိုလက်တွေနဲ့ထုထုချပစ်ရင်း
ဒေါသကိုမနည်းထိန်းနေခဲ့ရသည်။
လက်တွေပင်ပွန်းပဲ့ကုန်ကာ
Jeonတော်တော်တင်းနေခဲ့တဲ့အချိန်တွေပဲ။

လောင်မြိုက်စွာကားမောင်းနေရင်း
ကားမီးကတစ်ဆင့်မြင်လိုက်ရသည့်
ရှေ့လမ်းမပေါ်က ပုံရိပ်ဖြူဖြူလေးကြောင့်
ပေါက်ကွဲနေသည့်Jeonမျက်ခုံးတန်းတွေ
တွန့်ချိုးသွားရသည်။

Park Ji Minများလား။
မဖြစ်နိုင်တာ။

ဒါပေမဲ့မတော်တဆ
ဟုတ်များနေမလားဆိုတဲ့အတွေးကြောင့်
ခန္ဓာကိုယ်အချိုးအစားတွေ
အဝတ်အစားတွေပါလာတူနေသည့်
ထိုပုံရိပ်ဖြူဖြူဘေးနားကကျော်တက်လာ၍
အရှေ့နားရောက်မှပိတ်ရပ်ပြီး
backမှန်ထဲကပြန်ကြည့်မိလိုက်ချိန်
တကယ်ကိုPark Ji Minလာဖြစ်နေ၍
မငြိမ်းသေးသည့်ဒေါသတွေသည်
ထပ်‌တောက်လောင်ရပြန်သည်။

Park Ji Minကဘာလဲ။
သူ့ကိုကျ အရူးလား ဘာလားနဲ့ပြောပြီး
အခုဒီပုံစံကဘာလဲ။

မနက်ကထွက်ပြေးသွားတုန်းကပုံစံအတိုင်း
ဖရိုဖရဲရှပ်လေးတွေကသွေးတွေစွန်းနေတုန်း...

နှုတ်ခမ်းနားကသွေးတွေကလည်း
ခြောက်တောင်ခြောက်နေပြီ။

မျက်လုံးတွေကဘာမှမမြင်နေတဲ့လူလို
သူ့ကားကိုရှောင်ဖယ်ပြီး
ရှေ့ကိုဆက်သွားနေတာဘာသဘောလဲ။

ဘယ်သူမှမရှိတဲ့လမ်းပေါ်မှာဒီပုံစံအတိုင်းကြီး....

သူမဟုတ်ပဲတခြားလူ‌တွေနဲ့သာသွားတိုးခဲ့ရင်....

အတွေးနဲ့တင်မီးနဲ့အရှို့ခံလိုက်ရသလိုပါပဲ။
သူကပိုင်ဆိုင်ချင်တာကို
Park Ji Minကသူ့ကိုယ်သူဖျက်ဆီးနေတာ...

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now