P_43(Final)🚬

8.5K 458 40
                                    

💕3 months later 💕

ဒီဇင်ဘာရဲ့နှင်းပွင့်လေးတွေ
တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပြီး
နွေဦးရာသီရဲ့ခပ်ဖျော့ဖျော့နေရောင်ခြည်လေးတွေ
အစားထိုးနေရာယူလာနေခဲ့ပြီ။

နှင်းပွင့်သေးသေးလေးတွေတွဲခိုနေသေးသည့်
ချယ်ရီ‌ပင်ကြီးတွေရဲ့အကိုင်းအခက်တွေအပေါ်
ဖူးခါစချယ်ရီပန်းငုံလေးများဟာလည်း
နေရာပြန်ယူလာခဲ့သလို

ဆောင်းတစ်တွင်းလုံးမှာ
အေးစက်မှုကိုအသားကျနေခဲ့သည့်
လေပြေလေညှင်းတွေကလည်း
နေရောင်ခြည်ခပ်နွေးနွေးကြောင့်
မနေတတ်မထိုင်တတ်တွေဖြစ်ရင်း
တွေ့တဲ့နေရာလျှောက်တိုက်နေနှင့်ခဲ့ပြီ။

နွေဦးလေရူးတွေနဲ့အတူ
မောင်ကလည်းကလေးလေးနဲ့အတူတူ
ဘူဆန်ရဲ့စံအိမ်ကြီးရှေ့က
ပင်လယ်ကမ်းစပ်ထက်မှာ
အပြုံးလေးတွေကိုယ်စီနဲ့
ချစ်ကြည်နူးနေခဲ့သည်။

ချစ်သူကဆရာဝန်လေးမို့လို့
စီးကရက်လေးဒဏ်ရာတွေကို
သည်းသည်းလှုပ်ဂရုစိုက်ပေးသည့်အခါ
ဒဏ်ရာတွေလည်းကြာကြာနာအောင်
ဘယ်လာလုပ်နိုင်မလဲ။

စီးကရက်လေးတော်တော်ကို
သက်သာနေတဲ့အနေအထားတစ်ခုကို
ရောက်နေခဲ့ရပြီ။

အချိန်တွေပြောင်းလဲခဲ့သလို
အရာအားလုံးပြီးဆုံးခဲ့ပြီ။
ပြသာနာတွေအကုန်ရှင်းသွားခဲ့ပြီ။

Seok Jinမသေသေးမှန်းသိသွားရင်
Taeများပြန်ဖောက်သွားမလား
အကုန်လုံးရင်တမမဖြစ်ခဲ့ကြပေမဲ့
Taeသည်အမြင်မှန်တကယ်ရသွားခဲ့သည့်ပုံ။

Jin Hyungအသက်ရှင်နေပေးတာပဲ
ကျေးဇူးတင်ပါတယ်အထပ်ထပ်ငိုပြောခဲ့ပြီး
ညီအစ်ကိုစည်းတွေလုံးဝထပ်မဖောက်တော့ဘဲ
ချစ်သူHo Seokအပေါ်ကိုသာသူသစ္စာရှိခဲ့သည်။

Taeဘယ်ထပ်ဖောက်ရဲတော့မလဲ။
သေခြင်းတရားတွေနဲ့
ကွက်ကွက်ကွင်းကွင်းကို
သင်ခန်းစာအပြခံခဲ့ရတယ်လေ။

သူချစ်ခဲ့တာအတ္တကြီးမိခဲ့လို့
Jin Hyungဒုက္ခရောက်ခဲ့ပြီးပြီ။
သူနောက်တစ်ကြိမ်တော့
ထပ်အဖြစ်မခံနိုင်တော့ဘူးမို့လို့
အတ္တတွေအကုန်လွှတ်ပစ်လိုက်၍
အရင်ကဖြစ်ခဲ့သမျှပြန်တောင်းပန်တော့
Jin Hyungသည်တစ်ချက်မှမတွေဘဲ
တောင်းပန်တာကိုလက်ခံပေးခဲ့သည်။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Où les histoires vivent. Découvrez maintenant