P_11🚬

6.2K 541 58
                                    

ဒီလိုမင်းကိုမှမကြွေရင်
ဆရာဝန်ကြွေစရာလူမရှိတော့ဘူးဆိုသည့်
Hope၏စကားသည်အလွဲကြီးကိုလွဲခဲ့ပေမဲ့
မှန်သယောင်ယောင်တွေဖြစ်ခဲ့ရသည်။

ဆရာဝန်လေးသည်
Jeonရဲ့တကယ်ပြောင်းလဲပြမှုမှာ
စိတ်ရောဂါပါပြန်ကောင်းလာစေချင်သော
စိတ်တွေဟာအများကြီးမို့လို့
သူထပ်တွန်းမထုတ်ပစ်မိခဲ့။

စတွေ့ကတည်းကပုံစံပေါင်းစုံနဲ့ဒီလူကို
တကယ်ပြန်ကောင်းစေချင်ခဲ့တာကစိတ်ရင်းပါ။

ခုတော့ပုံစံတစ်မျိုး....
နူးနူးညံ့ညံ့ပုံစံလေးဖြစ်နေပြီမို့‌လို့
ရောဂါကိုကုဖို့တွန်းအားပေးရန်
အရှိန်ယူနေရသည်။
ညနေဘက်တွေလာလာစောင့်နေတတ်တာကို
Ji Minမငြင်းမိခဲ့တော့။
ဒီလူကိုယ့်ကိုတကယ်ချစ်ရင်
ကိုယ်ပြောတာလုပ်လိမ့်မည်မလား။

Ji Minတွေးထားခဲ့တာကရိုးရိုးလေး....
Jung Kookကသူ့ကိုချစ်တယ်လို့ပြောတယ်။

အရင်အပတ်တွေကသူ
အဲ့ပုံစံကိုမကြိုက်ဘူးဆို
ချက်ချင်းပြောင်းလဲသွားတယ်။
အဲ့တော့သူက‌စိတ်ရောဂါကိုကုဆိုရင်
ဟိုကကုမယ်။
အဲ့ဒါဆိုပြန်ကောင်းသွားလိမ့်မယ်။

အဲ့လောက်လေးပဲJi Minရဲ့ဆန္ဒက
ဆရာဝန်တစ်ယောက်ရဲ့စေတနာထက်မပိုခဲ့ဘူး။
အဲ့လောက်လေးပဲရှိခဲ့တယ်။

Jeon Jung Kookကဘယ်လောက်ပဲ
Company အကြီးကြီးရဲ့CEOဖြစ်နေပါစေ။
ဘယ်လောက်တော်နေပါစေ။
သူ့ကိုဘယ်လောက်ပဲချစ်ပါတယ်
ကြိုက်ပါတယ်ပြောပါစေ
Ji Minအတွက်Jeonဟာ
လူနာတစ်ယောက်ထက်မပိုခဲ့ဘူး။

တစ်ဖက်ကချစ်ကြောင်းတွေမပြတတ်ခဲ့မှုမှာ
အခုတွဲလိုက်မယ်
စိတ်ရောဂါပျောက်သွားရင်လမ်းခွဲလိုက်မယ်
ဒီလောက်ပဲJi Minတွေးခဲ့တာ...

ထိုဆုံးဖြတ်ချက်ကနောက်ပိုင်းတွေမှာ
Jeonကိုရောဂါပိုရင့်လာစေနိုင်တယ်ဆိုတာကို
Ji Minမသိခဲ့ဘူး။
တွေးကိုမတွေးမိခဲ့တာဆိုပိုမှန်လိမ့်မည်။

Jeonအပေါ်ဆရာဝန်သည်
ရင်ခုန်ဖူးသလိုတွေရှိခဲ့ပေမဲ့
လျစ်လျူရှုပစ်ခဲ့သည်။
Yoongi ရဲ့လုပ်ချသွားမှုမှာ
ဆရာဝန်ဘယ်သူ့ကိုမှထပ်ချစ်ဖို့မရဲခဲ့ဘူး။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now