P_1🚬

12.1K 747 28
                                    

-"ဟုတ်ကဲ့ ကျွန်တော် သဘက်ခါ
Busanဆေးရုံကိုသွားကြည့်ပေးပါ့မယ်"

-"ကျေးဇူးတင်ပါတယ်ကွာ Dr,Park"

-"ဆေးရုံအုပ်ကြီး
ဒါကျွန်တော်လုပ်ရမယ့်တာဝန်ပါ"

Dr Park၏တည်တည်ငြိမ်ငြိမ်စကား‌ကြောင့်
ဆေးရုံအုပ်ကြီးသည်ပြန်လည်ပြုံးပြလာကာ
ခေါင်းအသာငြိမ့်ပြလျက်
ဂုဏ်ယူသည့်မျက်ဝန်းတွေဖြင့်ကြည့်လာသည်။

Dr Parkသည်သူတို့ဆေးရုံ၏
ဂုဏ်ပုဒ်တစ်ခုဖြစ်နေခဲ့၍
ခုလည်းBusanဆေးရုံမှာ
လက်လျှော့လိုက်ကြသည့်
အကြီးအကဲတစ်ယောက်အကြောင်း
ဆွေးနွေးကြခြင်းတွင်
ဆွေးနွေးပွဲ၌ထပ်ပြီးဂုဏ်ဆောင်နိုင်ခဲ့ပြန်သည်။

တကယ်တော့လက်လျှော့လိုက်တယ်ဆိုတာက
သေဖို့ရာခိုင်နှုန်းများနေခြင်းကြောင့်
မကုရဲကြတော့တာပေမဲ့
Dr Parkကတော့ရဲရဲဝင့်ဝင့်ကို
သူကုပေးမယ်ဟုပြောခဲ့ခြင်းကြောင့် Seoulမြို့၏တခြားသောဆေးရုံတွေကနေ
ရောက်နေကြသည့်ထူးချွန်လွန်းသည့်
ဆရာဝန်တွေပါတဝိုးဝိုးဖြစ်ကုန်သည်မို့
ဆေးရုံအုပ်ကြီးသည်Dr Park၏ရဲရင့်မှုအပေါ်
ဘယ်လိုမှဂုဏ်ယူလို့မဆုံးဖြစ်နေသည်။

ဘယ်သူတွေဘယ်လောက်ပဲ
ထူးချွန်လွန်းတယ်ဆိုဆို
ဘယ်သူမှတော့Dr Parkကိုမှီဖို့ရာမလွယ်ခဲ့ဘူး။

Dr Parkကုနိုင်မှာကို‌ဆေးရုံအုပ်ကြီး
သေချာသိနေတာကြောင့်
ဝမ်းသာအားရနေကာ
အပြုံးတွေသည်မျက်နှာထက်
တောက်လျှောက်ကိုပေါ်လွင်နေခဲ့သည်။

အချိန်တစ်ခုကြာသည်အထိဂုဏ်ယူနေကြောင်းကို
ပြုံးပြုံးလေးဖော်ပြပြီးနောက်
Dr, Park၏ပုခုံးကိုလက်နဲ့အသာပုတ်လျက်
မင်းလုပ်နိုင်မှာပါ ဆိုသည့်သဘောနဲ့
အားပေးရင်းလှည့်ထွက်သွားခဲ့သည်။

ဆေးရုံအုပ်ကြီးထွက်သွားမှDr, Park၏ လေးလေးပင်ပင်သက်ပြင်းချသံသည်
ဆေးရုံလျှောက်လမ်းတစ်လျှောက်
တိုးလျလျလေးနေရာယူသွားခဲ့သည်။

တော်တဲ့လူလည်းpressureတွေရှိတာသဘာဝပဲ....

Dr Parkလည်းသူ့ဟာနဲ့သူတော့ရှိခဲ့မှာပေါ့။

--------------

-"အဲ့ဒါဆိုအဲ့နေ့တွေ့ကြတာပေါ့ကွာ"

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now