P_26🚬

5.1K 456 41
                                    

-"မင်္ဂလာပွဲကလွန်ခဲ့တဲ့နှစ်ရက်လောက်က
ဖျက်သွားပါတယ်ခင်ဗျ"

-"အာ ဟုတ်ကဲ့ပါ"

Jung Kookရဲ့ရုတ်တရက်
စီစဉ်ခိုင်းခဲ့သည့်အတွက်
ကိုယ်တိုင်bookingလာလုပ်ထားသော
Hotelသို့မယုံနိုင်၍ကိုယ်တိုင်လာပြီးမေးကာမှ
မင်္ဂလာပွဲတကယ်ဖျက်သွားမှန်း
သိလိုက်ရသည့်အခါ
Hopeစိတ်ထဲနည်းနည်းတော့
မတင်မကျဖြစ်သွားရသည်။

အရမ်းတွေမင်္ဂလာဆောင်ချင်နေလို့
အရှေ့ကbookingတွေတောင်ကျော်ချပြီး
ယူထားတဲ့နေရာကိုဘာလို့ဖျက်သွားရတာလဲ။

သူ့ကိုစိတ်ဆိုးလည်းမင်္ဂလာပွဲတော့
ဆက်လုပ်လိမ့်မယ်ထင်ထားခဲ့တာ
အခုကျထင်ထားတာဟုတ်မနေတော့
Ji Minကိုနည်းနည်းစိုးရိမ်လာမိသည်။

ဆံပင်ဆိုးဆေးသွားဝယ်ခိုင်းတဲ့နေ့က
လမ်းပေါ်ရောက်ရုံရှိသေး
Ji Minဖုန်းဆက်ပြောလာတာတွေကို
သူဘာမှနားမလည်ခဲ့ဘူး။
Jung Kookကသူ့ကိုသတ်မယ်တွေရော
ချက်ချင်းပြန်တော့ဆိုတာတွေရောကို
ငိုသံတွေနဲ့ပြောနေတုန်း
ဖုန်းကတိခနဲကျသွားတာမို့လို့
Jung Kookထမင်းစားခန်းထဲကကိစ္စ
တစ်မျိုးထင်သွားပြီဆိုတာသိလိုက်ပြီး
ရှင်းပြဖို့ အတွက်...Ji Minကိုမမဲဖို့အတွက်
ကားအမြန်ပြန်လှည့်လာခဲ့ပေမဲ့
ခြံရှေ့ရောက်တော့တံခါးကလုံးဝဖွင့်မလာသလို
အထဲလှမ်းကြည့်တော့လည်းတစ်ယောက်မှမတွေ့။

သူ့ကောင်Jayကိုဖုန်းလှမ်းဆက်ကြည့်တော့
စက်ပိတ်ထားတယ်ဆိုတာ‌ကြောင့်
နောက်တစ်ယောက်ကို
ထပ်ဆက်ကြည့်တော့မှJayလာကိုင်သည်။

ဖြစ်စဉ်အစအဆုံးနဲ့
တစ်အုပ်လုံးမောင်းထုတ်ခံရကြောင်းသိရတဲ့အခါ
သူ့မှာဘာပြောလို့ပြောရမှန်းပင်
မသိတော့တဲ့အထိ။

Jung Kookကိုဖုန်းခေါ်တော့လည်း
စက်ပိတ်ထား
Ji Minကိုခေါ်တော့လည်း
စက်ပိတ်ထားတွေနဲ့တိုးနေပြီး
သူတစ်နေကုန်ခြံရှေ့ဟွန်းတီးနေပေမဲ့
လူခေါ်ဘဲလ်တွေပါဆင်းနှိပ်ပေမဲ့
အိမ်ကြီးကလူတစ်ယောက်မှမရှိသည့်အလား
လုံးဝငြိမ်သက်နေပြီမို့လို့
နောက်ဆုံးသူလက်လျှော့ပြီးပြန်လာခဲ့ရသည်။

Jung Kookစိတ်ကိုအသိဆုံးပေမဲ့
ထိုနေ့ကသွားဆိုတာနဲ့ချက်ချင်းထွက်သွားမိတဲ့
ကိုယ့်ကိုယ်ကိုလည်းရိုက်သတ်ပစ်ချင်သည်။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now