အဆင်ပြေခါနီးလေပြေတွေကြားထဲ
ဗြုန်းခနဲမုန်တိုင်းဝင်တိုက်သွားသလိုလို
အခြေအနေတွေကြုံလာရသည့်အခါ
ဆရာဝန်လေးခင်ဗျာပြူးတူးပြဲတဲတွေဖြစ်ကာ
Jin Hyungကိုဘယ်နေရာကုပေးလို့
ကုပေးရမှန်းမသိတော့တဲ့အထိ။အရင်ကနဲ့လုံးဝခြားနားစွာ
ပိန်ကျသွားသောကိုယ်လုံးနဲ့
ချိုင့်ကျသွားသောမျက်ဝန်းတွေသည်
ဘယ်လိုတွေတောင်လဲ။
ဆရာဝန်လေး လူဆိုးကောင်လေးကို
ဂရုမစိုက်ဘူးဆိုသည့်အပြစ်တင်
မျက်ဝန်းတွေဖြင့်စိုက်ကြည့်လာ၍
ကိုယ်မကျွမ်းကျင်သော
ဦးခေါင်းဘက်နဲ့ပက်သတ်လာသည့်အခါ
အသက်ရှူနေပုံပင်မပေါ်တော့သည့်Jin Hyungကိုဆေးရုံချက်ချင်းတင်ဖို့ပြင်ခဲ့ရသည်။Jung KookလူတွေJin Hyungကို
ကားထဲထည့်ဖို့လာချီတော့
Kim Tae Hyungက
သွေးရူးသွေးတန်းတွေဖြစ်ပြီး
လိုက်ဆွဲပြန်သည်မို့လို့
သူတစ်ချက်ပိတ်ထိုးလိုက်ပြီး
သေသွားမှလာမငိုနဲ့နော်ဟုအော်ပြောခဲ့မှုမှာ
အရာရာဟာငြိမ်းခနဲ...
တစ်အိမ်လုံးတိတ်ကျသွားခဲ့သည်။Jin Hyungအခြေအနေကသူတောင်
ဘာမှန်းသေချာမသိနေဘူး။
အကုန်တစ်ခုခုတွေဖြစ်ကုန်ရင်ဘယ်လိုလုပ်မလဲ။
အဲ့ဒါကိုKim Tae Hyungကလာဆွဲနေတာ...
ထွက်နေသောဒေါသတွေဆောင့်တက်ခဲ့၏။
ပိတ်ထိုးလိုက်မှ အသိစိတ်ပြန်ကပ်သွားသလိုလို
ကားဆီပြေးတက်သွားခဲ့သည်မို့လို့
သူ့မှာကြည့်ရင်းရင်မောခဲ့ရသည်။အခြေအနေတွေအရ
Nam Joon Hyungနဲ့Jin Hyung
ဒီလိုတွေကွဲကွာကုန်တာ
Jeon Jung Kookနဲ့Kim Tae Hyung
မိုက်ရိုင်းတာအပြင်မရှိဘူးဟု
ဆက်စပ်တွေးကြည့်မိသည့်အခါ
ထွက်နေသောဒေါသအလွှာလေးတွေကို
အက်စစ်အသုတ်ခံလိုက်ရသလို
တနုံ့နုံ့တွေပိုဖြစ်လာကာ
ဆရာဝန်လေးဘယ်ကောင့်မျက်နှာမှ
သိပ်မကြည့်ချင်နေတော့။
သာယာခါစHyungတို့ဘဝ
ပြိုလဲလုမတတ်ဖြစ်နေသည့်အခါ
သူလေးထပ်တူဝမ်းနည်းခဲ့ရသည်။Nam Joon Hyungသာသိရင်
ဘယ်လောက်တောင်ဝမ်းနည်းလိုက်လေမလဲ။
Nam Joon Hyungကဒီဓာတ်ပုံဆရာလေးကို
သိပ်ချစ်ရှာတာ သူအသိဆုံး။
အဲ့ဒါမို့လို့နှစ်ယောက်ထဲနေလို့ရအောင်
သီးသန့်နေရာလေးသူ့ဘက်က
ဖန်တီးခဲ့ပေးဖူးပေမဲ့
လာဖြိုချသွားသောလူနှစ်ယောက်ကြောင့်
မကျေနပ်ချပ်တွေစုပြုံလာပြီး
ရင်ထဲအရှိန်အဟုန်နဲ့ကို
တောက်လောင်နေခဲ့ရသည်။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦