P_34🚬

4.7K 406 42
                                    

ဘူဆန်ကမ်းစပ်မှာ အချစ်နေ့လေးတွေ
အချစ်ညလေးတွေလွတ်လွတ်လပ်လပ်
ဖြတ်သန်းပြီးနောက်
ခုတော့ဆရာဝန်လေးရဲ့မိဘတွေရှိရာ
New Yorkမြို့သို့အတူတူရောက်နေခဲ့ကြသည်။

လက်ထက်တော့မယ်လို့မိဘတွေကို
အသိပေးလိုက်တော့
လက်မထက်ခင်တစ်ခါလောက်
သူတို့သားမက်လေးကိုလာပြပါဦးကလွဲပြီး
ကျန်တာမပြောသလို
မေးလည်းမမေးတော့တဲ့မိဘတွေကြောင့်
ဆရာဝန်လေးနည်းနည်းတော့စိတ်အေးခဲ့ရသည်။

ဆရာဝန်လေးကမိဘတွေရဲ့
သိပ်အယုံကြည်ခံနယ်မြေလေး‌တစ်ခု...

သူတို့ သားဖြစ်သူကိုယုံကြည်တာကြောင့်
လက်တွဲဖော်ဟာလည်း
လူကောင်းတစ်ယောက်ဖြစ်မယ်လို့
မိဘတွေကတစ်ထစ်ချယုံကြည်ခဲ့ကြသည်။

အရင်ကလည်းပြောခဲ့ဖူးသလို
ဒီလိုယုံကြည်မှုတွေက အခန့်မသင့်ရင်
ချောက်အကြီးကြီးထဲကိုပြုတ်ကျနိုင်တယ်။
ခုန်ချပစ်လို့ရတယ်။

ဒါပေမဲ့ယုံကြည်မှုကိုအလွဲသုံးစားမလုပ်ဘဲ
ဆရာဝန်လေးကိုယ်တိုင်လိမ္မာခဲ့လို့သာ
ချောက်တွေထဲပြုတ်မကျခဲ့တာပါ။

သို့သော်....
မိဘတွေရဲ့အိမ်ကြီးထဲ
သူတို့ကားထိုးရပ်လာသည်နှင့်...

အချိန်အားဖြင့်
ညဘက်မှရောက်မည့်သားဖြစ်သူကို
ဧည့်ခန်းထဲတွင်ထိုင်စောင့်နေကြသော
မိဘနှစ်ပါး၏မျက်နှာသည်
အိမ်ထဲဝင်လာသော
သားဖြစ်သူကိုမြင်လိုက်ရချိန်
မျက်နှာလေးတွေ
ချက်ချင်းတောက်ပသွားခဲ့ပေမဲ့
သားဖြစ်သူရဲ့ဘေးက
သူတို့သားမက်ဟုထင်ရသူကြောင့်
မျက်နှာတွေချက်ချင်းကွက်ခနဲ
ပြန်ပျက်ကျသွားသည်မှာ
ဟန်တောင်မဆောင်နိုင်ခဲ့။
အရမ်းကိုသိသာလွန်းခဲ့သည်။

Jeonကထိုကြိုဆိုမှုပုံစံတွေမှာ
ဝမ်းနည်းမိသလိုဖြစ်သွားရင်း
မျက်လုံးအိမ်တွေဝိုင်းလျက် သတိလက်လွတ်
ကြောင်တောင်တောင်လေးဖြစ်သွားပေမဲ့
ကျင့်သားရခဲ့သူပီပီချက်ချင်းမျက်နှာဖုံးတွေ
ကောက်တပ်ပစ်လိုက်သည်။

ဘယ်သူမှတောင်သတိမထားမိလိုက်ခင်
မျက်နှာထားသည်ချက်ချင်းခပ်တင်းတင်းပဲ။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦حيث تعيش القصص. اكتشف الآن