ထိုနေ့ညကနှစ်ဦးနှစ်ဖက်
အပေးယူတည့်ခဲ့ပြီးကတည်းက
ပိုအဆင်ပြေလာသောဆက်ဆံရေးလေးမှာ
စီးကရက်လေးသည်ဆရာဝန်လေးအနားကနေ
လုံးဝမခွာတော့။ဆရာဝန်လေးဘက်ကလည်း
ဒီလူအပေါ်သူစိတ်ဝင်စားနေမိပြီဖြစ်ကြောင်း
သုံးသပ်မိသွားသည့်အခါ
အရင်လိုရှောင်ဖယ်တာတွေသိပ်မလုပ်တော့ဘဲ
ဖြည်းဖြည်းချင်းလက်ခံပေးလာခဲ့သည်။လက်ခံနေပေမဲ့ချစ်တယ်ဆိုတဲ့အဖြေတွေ
ပြန်မလာသေးတာကြောင့်
အဖြေပြန်ပေးအောင်
စီးကရက်လေးဘက်ကလည်း
နိုင်ငံခြားသားကြီးတွေနဲ့တကြိတ်ကြိတ်
ပြင်ဆင်နေလေသည်။ဓာတ်ပုံဆရာလေးဆေးရုံတက်ခဲ့ရမှုအပေါ်
သိပ်အာရုံမစိုက်စေချင်သူသည်
ဒီနေ့လည်းသူ့ကလေးလေး
ဆေးရုံကလူအကြောင်းတွေးနေမှာစိုး၍
အတွေးတွေကိုတောင်သဝန်တိုစွာ
လျှောက်မတွေးနေမိအောင်
ဆရာဝန်လေးကိုCompanyဆီ
ခေါ်သွားဖို့လုပ်နေခဲ့သည်။စီးကရက်လေးကဆရာဝန်လေးရဲ့
အတွေးတွေကိုတောင်သဝန်တိုခဲ့တဲ့အထိ
တော်တော်ကိုအထိခိုက်မခံနိုင်ခဲ့တဲ့သူ။Companyသွားဖို့အတွက်
suitအနက်တွေကြီးဝတ်ထားရင်း
နက်တိုင်တွေမပါဘာမပါ
ရှပ်အနက်ကကြယ်သီးတွေကို
သုံးလုံးလောက်အထိဖြုတ်ချထားသည့်
ထိုပုံစံကမသိရင်
ဂိုဏ်းခေါင်းဆောင်ကြီးလိုလိုဘာလိုလို။
မျက်နှာကဖောက်ထားတာတွေပါပါလာတဲ့အခါ
ဘယ်သူ့ခေါ်မေးမေးဒါဟာCEOမဟုတ်ဘူး
လူဆိုးလို့သာဖြေကြလိမ့်မည်။ဆံပင်တွေကိုသေချာမဖြီးဘဲ
လက်နဲ့သာဆွဲဖွနေသော
ဒီမြင်ကွင်းကတခြားသူတွေအမြင်မှာ
ခပ်မိုက်မိုက်bad boy vibeဖြစ်နေနိုင်ပေမဲ့
အခုမှဆပ်ပြာနံ့သင်းသင်းလေးတွေနဲ့
ရေချိုးခန်းထဲမှထွက်လာသော
ဆရာဝန်လေးရဲ့အမြင်မှာတော့
ဒီလူသည်ဖရိုဖရဲ။
ဆရာဝန်လေးဖရိုဖရဲကို
ကြည့်ပြီးသက်ပြင်းချလိုက်မိသည်။Jeon Jung Kookကသွားတဲ့နေရာနဲ့လိုက်အောင်
ဘယ်လိုပြင်ရမလဲရောသိရဲ့လား။အတင်းCompanyကိုလိုက်ခဲ့ဆိုလို့သာ
ခေါင်းငြိမ့်လိုက်တာ
အခုထိJin Hyungကိစ္စက
သတင်းမလာစာမကြားတွေမို့လို့
သူနည်းနည်းတော့အဆင်မပြေနေပါ။
ဆေးရုံသွားရအောင်လို့ပြောရင်လည်း
Jung Kookနဲ့ကဘယ်လိုမှမဖြစ်နိုင်မှာမို့လို့
Tae Hyungဖုန်းဆက်တာကိုသာမှေးပြီး
စောင့်နေတာနှစ်ရက်ရှိပြီ။
ခုထိသတင်းမကြားရသေးဘူး။
သက်ပြင်းနောက်တစ်ချက်ထပ်ချမိလိုက်၏။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦