ဒီနေ့မှBusanကနေSeoulကို
ပြန်ရောက်လာသည့်Jeonသည်
အကြံအစည်ပေါင်းများစွာဖြင့်
ခပ်လွင့်လွင့်လေး
တစ်လှမ်းချင်းလျှောက်လာနေသည်။ဝတ်နေကျအတိုင်းall blackတွေကိုသာ
ဝတ်ဆင်ထားခဲ့ပေမဲ့...
လုံးဝပြောင်းလဲသွားခဲ့သော
အရာတစ်ချို့တွေသည်လည်း
ထင်ထင်ရှားရှားတွေ...အနည်းငယ်ကောက်နေခဲ့သော
ဆံပင်အနက်ရောင်တွေပေါ်၌
ထင်ထင်ရှားရှားတိုးလာခဲ့သော
blue lineတွေရယ်....ဘယ်ဘက်နားရွယ်အောက်၌
ထပ်တိုးလာခဲ့သော7ဆိုသည့်တက်တူးရယ်....အနည်းငယ်ထပ်ဖြည့်ထားခဲ့သော
ညာဘက်လက်ကတက်တူးတွေရယ်....မာယာညှို့အားတွေပိုလာခဲ့သော
မျက်ဝန်းနက်တွေရယ်ဖြင့်Jeonရဲ့ပုံစံသည်
အပီအပြင်ကိုပြင်းတော့မည့်ပုံ။Luggageအနက်ရောင်ကိုဆွဲကာ
လေဆိပ်အတွင်းမှထွက်လာခဲ့သည့်
ထိုလူသားကိုမကြည့်မိတဲ့သူဟာ
မရှိသလောက်ရှားနေကာ...
လေဆိပ်တစ်ခုလုံးရဲ့အာရုံသည်
ထိုအပြာရောင်lineဆံပင်တွေနဲ့လူဆီ
ကျရောက်နေခဲ့ချိန်....
Kim Tae Hyung၏
မျက်ဝန်းနီညိုရောင်တွေသည်လည်း
တိုက်တိုက်ဆိုင်ဆိုင်ကိုသွားကျရောက်နေခဲ့သည်။Hyungဘယ်နိုင်ငံကိုထွက်သွားလဲစုံစမ်းပေမဲ့
မရတဲ့အဆုံးလက်လျှော့ကာ
Park Ji Minဆီသွားရန်ရှိသေး...
Park Ji Minရဲ့ပိုင်ရှင်ဆိုတဲ့ကောင်က
ပုံစံတစ်မျိုးနဲ့သူ့အရှေ့ဆိုက်ရောက်လာတော့
ဆွဲထိုးပစ်ချင်စိတ်တွေကတဖွားဖွား။တစ်ဆက်တည်းဒီလူကဘယ်ကပြန်လာတာလဲ
Park Ji Minနဲ့ပေါင်းပြီးHyungကို
ဖွက်ထားတာလားဆိုတဲ့
အတွေးတွေပေါ်လာတာကြောင့်
တုတ်ပြပြီးပဲဖြစ်ဖြစ်၊ဓားပြပြီးပဲဖြစ်ဖြစ်
Hyungရဲ့တည်နေရာကိုသိရဖို့
ခြိမ်းခြောက်ပစ်ချင်မိခဲ့သည်။လက်တွေ့တွင်စိတ်ထက်လက်ကပိုမြန်နေကာ
Park Ji Minရဲ့ပိုင်ရှင်ကောင်ပုခုံးတွေကို
ပြေးဖက်လိုက်ပြီးပြီ။-"Park Ji Minကိစ္စရှင်းစရာရှိတယ်
မသေချင်ရင်လိုက်ခဲ့"ရုတ်တရက်ပုခုံးတွေကိုဖက်လာကာ
ကုဒ်ရဲ့အတွင်းက အင်္ကျီဆီ
ဓားတစ်လက်ထောက်လျက်
ပြောလာသောစကားတွေကြောင့်
ဘယ်သူများလဲကြည့်မိတော့
မကျေပွဲနွဲထားသည့်ကောင်။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦