P_9🚬

6.2K 548 19
                                    

ကိုယ်တိုင်နေမကောင်းဖြစ်ရင်တောင်
ဂရုမစိုက်တတ်တဲ့သူ။

သူများကိုဂရုစိုက်ပေးဖို့ဆိုတာ
တွေးတောင်မကြည့်မိခဲ့တဲ့သူ။

ထိုလိုလူမျိုးကိုပုံစံပြောင်းလဲနိုင်ခဲ့တာ
Park Ji Minဆိုတဲ့လူသားတစ်ယောက်တည်းသာ
တည်ရှိခဲ့သည်။

-------

အဖျားကြီးနေမှုလေးကိုညနေကတည်းက
ဖက်အိပ်ထားမှုကြောင့်
ညသန်းခေါင်ကျော်အချိန်တွင်
ဖျားတာဟာဆရာဝန်‌လေးမဟုတ်တော့ဘဲ
Jeonဖြစ်သွားခဲ့ရသည်။

အရမ်းဖျားနေခဲ့သူရဲ့ကိုယ်လေးကို
အဝတ်ဗလာနဲ့ဖက်အိပ်ထားခဲ့တာကြောင့်
အဖျားသည်မကူးဘဲမနေပါ။
ပျော်ပျော်‌ကြီးကိုကူးသွားခဲ့ပြီ။

-"မဟုတ်ဘူး~~"

သာမန်ထက်ပိုပူနေတဲ့ခံစားမှုတွေ....
အသံတွေကြောင့်
ဆရာဝန်လေးနိုးလာခဲ့သည်က
ညအချိန်တစ်နာရီတွင်။

နိုးနိုးချင်းခေါင်းတွေမမူးနေတော့တာကြောင့်
မျက်လုံးတွေဖွင့်ကြည့်မိလိုက်တဲ့အခိုက်
တစ်ခုခုထူးဆန်းနေတဲ့ပုံစံတွေနဲ့
အထိအတွေ့တွေသည်အလုအယက်....

နောက်ကျောဘက်ကပူနေသလိုခံစားမှုတွေ...
ခါးတွေထက်လေးနေသလိုခံစားမှုတွေကြောင့်စောင်ကိုဆွဲဖယ်ပြီး
အနောက်လှည့်ကြည့်မိလိုက်တော့
နှစ်ယောက်မရှိသောဒီမျက်နှာသည်
Jeon Jung Kookဆိုတာသေချာပါသည်။

လန့်သွားမှုတွေသည်အတိုင်းအဆမဲ့စွာ။

ဘယ်ကဘယ်လိုသူ့အိပ်ရာပေါ်
သူကရောဆိုဖာပေါ်အိပ်နေတာလေ....

ညနေကအကြောင်းတွေ
ဘာမှမမှတ်မိနေသလို
မမှတ်မိတာတွေနောက်ထား
လက်ရှိအခြေအနေကို
နားလည်အောင်ကြိုးစားဖို့လုပ်ရသည်။

အမြဲတစ်ယောက်တည်းနေခဲ့တဲ့သူမို့လို့
ထိုအဖြစ်အပျက်မှာလန့်သွားပြီး
ကုတင်ပေါ်ကချက်ချင်းဆင်းပြေးခဲ့ရ၏။

ခါးကိုတင်းကျပ်နေအောင်ဖက်ထားခဲ့သော
တက်တူးတွေနဲ့လက်ကိုအတင်းဖယ်ပစ်၍
ကုတင်ပေါ်ကဆင်းပြေးတော့
ပက်လက်ပုံစံဖြစ်သွားသည့်
Jeon Jung Kookသည်
ဘာတွေဖြစ်နေတာလဲမသိ။
ချွေးတွေရွဲနစ်နေသည်။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now