Extra🚬

5.1K 368 72
                                    

စီးကရက်လေးတို့အရမ်းကို
အဆင်ပြေပြေလေးဖြတ်သန်းနေခဲ့ကြပြီဆိုပေမဲ့
သူ့တို့ရင်သွေးလေးစပြီး
စကားပြောတတ်လာခါစနောက်ပိုင်းရဲ့
ညတစ်ညမှာပြသာနာထတက်ခဲ့ကြသည်။

ပြသာနာရဲ့အစက
သူတို့နှစ်ဦးအတွက်သာdeepခဲ့တာ...
ဘေးကလူတွေအမြင်နဲ့ဆိုနည်းနည်းလေးတော့
အူတက်ချင်စရာကောင်းခဲ့၏။

-------------

Jeonသည်World Cupဘောလုံးပွဲကြည့်ဖို့အတွက်
တီဗီရှေ့မှာနေရာအကျအနယူနေပြီး
အရက်ခွက်တွေပါချထားခဲ့၍
အပီအပြင်ကိုအားပေးတော့မည့်ပုံ။

Opening Ceremonyကိုလည်းလွတ်မှာစိုး၍
ပွဲမစခင်နာရီဝက်အလိုလောက်ကတည်းက
တီဗီရှေ့နေရာယူပြီးနေပြီ။

ဆောင်းတွင်းမို့လို့အပြင်မှာချမ်းစိမ့်နေပေမဲ့
Jeonကတော့ဆံပင်ရေစိုကြီးဖြင့်
တီဗီရှေ့ထိုင်နေခဲ့သည့်အခါ
သားလေးကိုချီထားရင်း
ဟိုဘက်ဒီဘက်လျှောက်နေခဲ့သော
ဆရာဝန်ခင်ပွန်းလေးရဲ့
တိုးစိတိုးစိမကျေနပ်သံလေးတွေ
စထွက်လာခဲ့သည်။

မကျေနပ်သံလေးတွေနဲ့အတူ
သားလေးကိုသူ့ပေါင်ပေါ်လာချသွားပြီး
ခေါင်းသုတ်ပေးဖို့သဘက်တစ်ထည်နဲ့
ပြန်ရောက်ချလာတာကြောင့်
Jeonမှာကြိတ်ပြုံးရသေးသည်။

တစ်ချို့တွေကလက်ထက်ပြီး
နှစ်တွေကြာလာရင်တစ်ယောက်နဲ့
တစ်ယောက်ငြီးငွေ့လာကြတယ်တွေ
ဘာတွေဆိုသော်လည်း
ဆရာဝန်လေးနဲ့စီးကရက်လေးကတော့
အရင်ကထက်ကိုပိုချစ်လာခဲ့ကြရင်း
အသေးအမွှားလေးကအစ
တစ်ယောက်ကိုတစ်ယောက်
ပိုပိုစိုးရိမ်တတ်လာခဲ့သည်။

သိပ်ကိုနွေးထွေးစရာကောင်းခဲ့တဲ့
မိသားစုလေးတစ်ခုကို
သူတို့အတူတူဖန်တီးနိုင်ခဲ့ကြပါတယ်။

-"ခေါင်းသုတ်ပြီးမှကြည့်တော့
အဲ့တီဗီကထွက်ပြေးမှာမို့လို့လားJeon..."

သားလေးကိုမြူနေတုန်း
ခေါင်းသုတ်ပေးရင်းပြောလာသော
လေသံလေးမှာစီးကရက်လေး
နည်းနည်းတောင့်သွားရသည်။

လက်ထက်ပြီးနောက်ပိုင်းတွေ
မောင်လို့ခေါ်နေရာကနေ
Jeonလို့ခေါ်လာရင်
ဒါဟာသူတစ်ခုခုကို
အလိုမကျနေဘူးဆိုသည့်သဘော။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now