P_36🚬

4.8K 376 46
                                    

ဒီဇာတ်အိမ်တစ်လျှောက်လုံးမှာ
သားလိမ္မာလေးလုပ်လာခဲ့သည့်ဆရာဝန်သည်
သူ့ချစ်ရသူနဲ့ပတ်သက်လာသည့်အခါ
သားမိုက်ဇုန်ထဲကိုရဲရဲတင်းတင်းကို
ဝင်ချသွားခဲ့သည်။

Jeon Jung Kookနဲ့လက်ထက်မည်ဖြစ်ကြောင်း
လက်မခံလည်းမတတ်နိုင်ကြောင်း
ပထမဆုံးအကြိမ်မိဘတွေကိုဆန့်ကျင်ပြီး
ဖုန်းဆက်လှမ်းပြောသည့်အခါ
တစ်ဖက်ကမိဘတွေကလည်း
သိပ်အလိုလိုက်ရှာပါတယ်။

အဲ့ကောင်နဲ့လက်ထက်ရင်
ငါတို့‌နဲ့သေတောင်လာမပတ်သက်တော့နဲ့
အဆုံး ငါတို့သေရင်တောင်လာမငိုနဲ့ဟု
ရက်ရက်စက်စက်ပြောပြီးချသွားသော
ဖုန်းကြောင့်ဝမ်းနည်းမိသွားခဲ့ပေမဲ့
မျက်ရည်တွေဝဲတက်လာခဲ့ပေမဲ့
နောက်ကပွေ့ဖက်ပေးလာတဲ့
ဒီရင်ခွင်ကြီးရဲ့နွေးထွေးမှု‌တွေရှိနေပြီပဲ
ဘာအရေးလည်းဟုတွေးပစ်လိုက်သည်။

သို့သော်မျက်ရည်တွေကထိန်းလို့တော့မရခဲ့။

နဂိုကတည်းကစိတ်အခံကနုနုလေးမို့လို့
ဘာမဟုတ်တာလေးနဲ့တောင်
မျက်ရည်ကဝဲခနဲဖြစ်ဖြစ်သွားတတ်တဲ့သူလေးမို့လို့
မိဘတွေဆီကအပြတ်ပြတ်
စကားသံတွေကြားရသည့်အခါ
သူလုံးဝမခံစားနိုင်တော့....

နောက်ကပွေ့ဖက်ပေးထားပေမဲ့
သူမတ်တပ်တောင်မရပ်နိုင်တော့ဘဲ
ဖုန်းဆက်နေတဲ့ ဝရံတာနားတင်
ဆောင့်‌ကြောင့်လေးထိုင်ချသွားသည်။

စီးကရက်‌လေးသည်ဘာမှမပြော...
ရင်ခွင်ထဲကနေအတင်းလျှောဆင်းသွားတဲ့
ကျောပြင်လေးထိုင်ချရာနေရာဆီ
သူပါလိုက်ထိုင်ချပြီး နောက်ကနေသေချာ
ဆက်ပွေ့ဖက်ပေးထားသည်။

မငိုနဲ့လို့လည်းမပြောရက်ဘူးမို့လို့
သူလုပ်နေကျပုံစံလေးအတိုင်း
နောက်ကနေရင်ဘတ်လေးကိုလှမ်းဖိပေးထားပြီး
ပုခုံးပေါ်မေးလေးတင်ထားရင်း
အရမ်းငိုကြွေးနေတဲ့
လှုပ်လှုပ်ခတ်ခတ်ကျောပြင်လေးကို
သေချာလေးထွေးပွေ့ပေးထားသည်။

သူ့အပိုင်လေးကမိဘတွေကိုပါ
တကယ်ဆန့်ကျင်ပစ်ခဲ့ပြီး
သူ့ကိုတကယ်ချစ်ပါလားဆိုတဲ့အသိက
ရှေ့ကချစ်သူလေးငိုနေပေမဲ့
သူကျေနပ်နေမိသည်။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now