Hopeတို့ကိုရီးယားကိုပြန်ရောက်လာတာ
တစ်ပတ်မျှရှိခဲ့ပေမဲ့
Jung Kookနဲ့ကပြန်ရောက်သည့်
နေ့ကသာနောက်ဆုံးတွေ့ခဲ့ရသည်။သူ့ဆရာဝန်ကတော့ပြန်မလာသေးဘဲ
မိဘတွေနဲ့ကျန်ခဲ့သည်။
သူတို့နှစ်ယောက်အခြေအနေလည်း
ခုထိသေချာမသိရခဲ့သေး၍
ဒီနေ့တော့တွေ့ဖြစ်အောင်တွေ့ပြီး
နည်းနည်းပါးပါးတော့မေးကြည့်ရမည်။ထိုနေ့ညကMr,Kimကိုသူခေါ်ထားခဲ့တာကြောင့်
လေးထောင့်ဆန်ဆန်မျက်နှာတွေပေါ်က
အရောင်တောက်တောက်မျက်ဝန်းတွေနဲ့
သူသဘောကျသည့်ကောင်လေးလည်း
Mr,Kimနောက်ထပ်ကျပ်မကွာပါလာခဲ့ပေမဲ့
သူ့မှာအရေးပင်မလုပ်နိုင်ခဲ့။
Jung Kook တို့နောက်လိုက်သည့်
ကောင်တွေအကြောင်း
စုံစမ်းရင်းနဲ့သာတိုင်တွေပတ်ခဲ့ရသည်။အခုဟိုကောင်တွေအကြောင်းကိုသိခဲ့ရပြီမို့လို့
Jung Kookကိုသတိထားဖို့ပြောပြရမည်။
ကိုရီးယားရဲ့တကယ့်ဂိုဏ်းကြီးက
ကောင်ကြီးတွေမို့လို့
အန္တရာယ်တော့ရှိကိုရှိမှာဟာအသေအချာ...
အစကအဲ့လောက်မထင်ထားပေမဲ့
အဲ့လောက်တွေဖြစ်လာတော့
မကောင်းတဲ့ကိစ္စဆိုပေမဲ့Jung Kookကို
သူအသိတော့ပေးထားရလိမ့်မည်။ကမ်းခြေမှာတွေ့ခဲ့ဖူးသည့်ဆရာဝန်ရဲ့ဘဲကြီးက
ထိုဂိုဏ်းရဲ့ခေါင်းဆောင်လာဖြစ်နေခဲ့တာကြောင့်
အရှုပ်တွေများလာမှာဟာပြောစရာမလိုနေတော့။Hoodieနက်ပြာရောင်ကို
ဂျင်းဘောင်းဘီအနက်နဲ့တွဲဝတ်ထားခဲ့သည့် Hopeသည်မျက်ခုံးတန်းတွေတွန့်ချိုးလျက်
ပြိုင်ကားအပြာရောင်လေးကို
Seoulရဲ့ညလမ်းမထက်အမြင့်ဆုံးအရှိန်တွေနဲ့
မောင်းချသွားခဲ့သည်။အတွေးတွေသည်
ပြိုင်ကားအရှိန်တွေနဲ့အတူequal toဖြင့်။--------
လေဆိပ်တွင်လေယာဉ်တွေဟာ
မကြာခဏဆိုသလို
အတက်အဆင်းလုပ်နေကြ၏။ညရှစ်နာရီအချိန်မှစိုက်မည့်လေယာဉ်ကို
ခြောက်နာရီခွဲလောက်ကတည်းက
လာစောင့်နေသောသူသည်
ကားအနက်ရောင်ထဲမှာ
ဆေးလိပ်တွေရှိုက်ဖွာနေကာ
အချိန်အားဖြင့်စောင့်နေသည့်
လေယာဉ်သည်နာရီဝက်လိုနေသေးတာကြောင့်
မတတ်နိုင် ဆက်စောင့်ရုံ...
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦