P_3🚬

7.3K 625 54
                                    

ဘယ်ပန်းချီတွေကရုပ်လုံးမပေါ်သေးခင်
ပုံကြမ်းစချတဲ့အချိန်တွေမှာလှပဖူးလို့လဲ....

စောင့်ရုံပဲ....
အချိန်အတိုင်းတာလေးတစ်ခုအထိစောင့်ရုံပါပဲ။

------

နာမည်တောင်အချင်းချင်းမသိကြပါဘဲ
သုံးကြိမ်မြောက်သောတွေ့ဆုံမှုမှာ
နှုတ်ခမ်းတွေကနှစ်ကြိမ်တိတိနီးစပ်ခဲ့ပြီးပြီ။

သို့သော်အချင်းချင်း
သဘောကျချစ်ကြိုက်ပြီး
နီးစပ်ခဲ့သောအနမ်းတွေတော့မဟုတ်ခဲ့....

တစ်ယောက်ကကြောက်ရွံ့မှု
တစ်ယောက်ကအပြစ်ပေးမှုဆိုသည့်
ခေါင်းစဉ်တွေအောက်
အတင်းအကျပ်သိမ်းပိုက်ခဲ့သော
အနမ်းတွေဖြစ်ခဲ့သည်။

ထိုနေ့ကနေ့လည်ဘက်မှာလမ်းခွဲခံရခြင်းရယ်...
ညဘက်ကျတော့အနိုင်ကျင့်ခံရခြင်းရယ်အပေါ်
ခံစားချက်တွေစုံသွားကာ
ဆရာဝန်လေးတစ်ပတ်တိတိဖျားသွားခဲ့သည်။

ဆေးရုံတောင်မသွားနိုင်ခဲ့၍
အိမ်မှာတစ်ယောက်တည်းအလူးအလဲ။

တစ်ယောက်တည်းနေတဲ့သူမို့လို့
နေမကောင်းဖြစ်ရင်
အားငယ်သလိုလိုဖြစ်တတ်ပေမဲ့....
အားကိုးရတဲ့Nam Joon Hyungက
ပန်းချီဆွဲတဲ့ကိရိယာအစုံအလင်နဲ့
ရောက်ချလာပြီး
အားရင်အားသလိုလာနေပေးခဲ့တာမို့လို့
သူ‌တော်တော်လေးသက်သာရာရခဲ့သည်။

Nam Joon Hyungသာအနားမရှိခဲ့ရင်
စိတ်ကျရောဂါတောင်
ဖြစ်သွားနိုင်တဲ့အထိပဲ။

စိတ်ခံစားချက်အရမ်းနုလွန်းပြီး
ထိလွယ်ခိုက်လွယ်လွန်းတဲ့Ji Minအတွက်
Nam Joonကသာအားကိုးရာ
တံတိုင်းကြီးဖြစ်ခဲ့ပြီး
ညီအစ်ကိုအရင်းတွေမဟုတ်နေပေမဲ့...
ညီအစ်ကိုအရင်းတွေလိုဖြစ်တည်မှုမျိုး။
မိဘတွေမတူနေခဲ့ရုံ....

အခုလည်းသိပ်နေမကောင်းသေးပေမဲ့
တစ်ပတ်တောင်ခွင့်ယူထားခဲ့တာ...
ထပ်ပျက်လို့မဖြစ်‌တော့တာကြောင့်
ဆေးရုံသို့လာသာလာခဲ့ပေမဲ့
အခြေအနေသည်မူးနောက်မူးနောက်
ဖြစ်နေတုန်းမို့လို့
သူစိတ်တွေတော့သိပ်မကြည်နေခဲ့ဘူး။

သို့သော်နေကောင်းခါစဖြူဖျော့နေသည့်
ဆရာဝန်လေးသည်
ဘယ်လောက်ပဲစိတ်မကြည်နေပါစေ
ဆေးရုံထဲစရောက်တာနဲ့
အရင်လိုအပြုံးချိုချိုလေးတွေထက်
အားလျော့နေသောအပြုံးလေးနဲ့
အခြားဆရာဝန်တွေ သူနာပြုတွေကို
သေချာနှုတ်ဆက်သည်။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now