အရင်တွေကလိုသာဆို
လွတ်နေတဲ့စိတ်ကို
ပိုလွှတ်ပြီးဆိုးပစ်မယ်သူပေမဲ့
ချစ်ရသူလေးရလာတဲ့အခါ
ထိုအပြုအမူတွေမလုပ်ရဲတော့သလို
လုပ်လည်းမလုပ်ရက်တော့...ကိုယ့်ကြောင့်ချစ်ရသူကို
ထိခိုက်သွားမှာကြောက်ပြီး
အနားကထွက်ပြေးခဲ့သည်။နားလည်လာပေးတတ်ခဲ့တာလား
သိပ်ချစ်လာပေးတတ်ခဲ့တာလား
မသဲကွဲပေမဲ့ ကိုယ့်ကြောင့်သူထိခိုက်သွားမှာ
စိုးရိမ်လို့ဆိုတဲ့ခေါင်းစဉ်တွေတော့ရခဲ့ပြီ။ပန်းချီဖန်တီးသူကောက်ချက်
ချရသလောက်တော့
စီးကရက်လေးအရူးအမူး
ချစ်တတ်နေခဲ့ပြီဆိုတာပါပဲ။
ဒါပေမဲ့အရူးအမူးလွန်ရင်လည်းဘယ်ကောင်းမလဲ။
အကွဲကွဲအပြဲပြဲတွေထဖြစ်နိုင်သည်။ဒုန်း!!!
ကလေးလေးဆီကပြေးထွက်လာပြီး
အိမ်ရောက်တာနဲ့ရေချိုးခန်းထဲဝင်၍
တံခါးကိုဆောင့်ပိတ်ပစ်သံသည်ဝုန်းခနဲ။
နှလုံးရောဂါသမားဆို
အဲ့နားတင်လဲသေသွားနိုင်လောက်သည်။ယူလာတဲ့ဆေးဘူးကို
ဘေစင်ပေါ်အရင်တင်လိုက်ပြီး
မှန်ထဲကကိုယ့်ပုံရိပ်ကိုယ်ကြည့်၍
ဒေါသတွေပိုပိုထွက်လာရသည်။အပေါ်ထပ်suit coatကိုဆွဲချွတ်ပစ်၍
ကြမ်းပြင်ပေါ်ပစ်ပေါက်လိုက်ကာ
ဘေစင်ဘောင်တွေပေါ်လက်ထောက်လျက်
မျက်လုံးတွေခဏမှိတ်ချလိုက်ပြီး
အသက်ကိုခပ်ပြင်းပြင်းရှူနေရင်း
Jeonကိုယ့်စိတ်ကိုယ်နားလည်အောင်
အရင်ကြိုးစားနေခဲ့ရ၏။သူအဲ့လိုတွေလုပ်မိခဲ့မှန်းတကယ်ကိုမသိခဲ့တာ...
Hopeကိုသူပြေးထိုးလို့
ထိုးမှန်းလည်းမသိခဲ့သလို
ကလေးလေးကိုသွေးထွက်အောင်အထိ
လုပ်လိုက်မိသွားမှန်းလည်းမသိခဲ့ဘူး။သန့်စင်ခန်းသွားတာကြာနေတဲ့
ကလေးလေးနောက်လိုက်လာတယ်...
ပြီးတော့တံခါးကိုဆွဲဖွင့်လိုက်ကတည်းက
ဘာမှမမှတ်မိတော့ဘဲ
မောင်ဆိုတဲ့အော်သံလေးကြားမှ
သတိပြန်ဝင်လာခဲ့တော့
အဲ့လိုတွေဖြစ်နှင့်နေခဲ့ပြီ။ကြားထဲကလွတ်သွားတဲ့အကန့်တွေကို
ပြန်စဉ်းစားပေမဲ့လည်းလုံးဝမရနေတာကြောင့်
အတင်းmemoriesတွေပြန်ခေါ်နေတုန်း
ဘေစင်ပေါ်ထောက်ထားသည့်လက်က
ဆစ်ခနဲ ဆစ်ခနဲတွေဖြစ်လာတာမို့လို့
မျက်လုံးတွေဖွင့်ကြည့်လိုက်တော့မှ
လက်ကဟက်တက်ကွဲဒဏ်ရာကြီး
မြင်လိုက်ရသည်။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦