နှစ်ဦးသားသဘောတူမဟုတ်ပါဘဲ
တစ်ဖက်သတ်ချုပ်နှောင်ခြင်းတွေကြောင့်
ပေါင်းစည်းရမယ်ဆိုရင်ရှေ့လျှောက်
အမှောင်ထုကြီးသာကြီးစိုးသွားနိုင်သည်။အမှောင်ထုရဲ့တစ်ဖက်မှာ
ဘာတွေရှိမလဲဆိုတာဘယ်သူကသိနိုင်လိမ့်မလဲ။ကျိန်းသေပေါက် အမှောင်ထုကိုဖြတ်ကျော်မှတစ်ဖက်ခြမ်းရဲ့အခြေအနေကိုသိရလိမ့်မည်။
တစ်ဖက်သတ်ချုပ်နှောင်ခဲ့သည့်တချို့ဘဝတွေက
ကံကောင်းလွန်းစွာ
အမှောင်ထုရဲ့တစ်ဖက်ခြမ်းမှာ
လှပလွန်းတဲ့ပန်းခင်းကြီးတွေရှိနေခဲ့သလို
တချို့ဘဝတွေကျတော့တစ်ဖက်ခြမ်းမှာ
သေမင်းရဲ့ဆီးကြိုမှုတွေကိုခံခဲ့ရသည်။အတပ်ပြောလို့မရနိုင်သည့်
ဒီလိုအနေအထားတွေမှာ
JeonဟာDr Parkအပေါ်
ရက်ရက်စက်စက်ကိုချည်နှောင်ဖို့
ကြိုးစားခဲ့လိုက်ပြီ။သူတို့နှစ်ယောက်ရဲ့အမှောင်ထုတစ်ဖက်အခြမ်းမှာ
ဘာတွေရှိလိမ့်မလဲဆိုတာကတော့...
ဘယ်သူကသိမှာလဲ။
အချိန်တွေကသာပြောပြသွားပါလိမ့်မည်။---------
မရင်းနှီးနေသောရနံ့တစ်ခုမှာ
နိုးထလာခဲ့သည့်Ji Minသည်
ညကအဖြစ်အပျက်တွေကိုမေ့နေကာ
ခါတိုင်းလိုပဲမျက်လုံးတွေဖွင့်လိုက်သည့်အခိုက်
တက်တူးတွေနဲ့ရင်ခွင်ကျယ်ကြီးက
ဆီးကြိုနေတာကြောင့်
ဖျက်ခနဲ သတိရလိုက်တာက
ညကအဖြစ်အပျက်တွေ...လှိုင်တက်လာသည့်ဝမ်းနည်းစိတ်တွေ
ဒေါသတွေဖြင့်အတင်းကုန်းရုံးထကာ
ကုတင်ပေါ်ကဆင်းဖို့ခြေထောက်အချ
တက်တူးတွေနဲ့လက်တစ်စုံသည်
ခါးထက်တင်းတင်းကျပ်ကျပ်ကို
ရစ်တွယ်လာခဲ့သည်။-"ဘယ်သွားမလို့လဲ"
အိပ်ရာထခါစရဲ့ခပ်ရှရှအသံနဲ့အတူ
လည်ပင်းသားလေးကိုအနောက်ကနေတချက်
နမ်းလိုက်တာမို့လို့အရှေ့ကိုယ်လေးတုန်ခနဲ။နှုတ်ခမ်းပါးလေးတွေ
သဘောတကျကွေးညွှတ်သွားကာ
ပိုပိုတိုးပြီးနမ်းရှိုက်လာခဲ့သည်။Jeon Jung Kookရဲ့
ပွတ်သီးပွတ်သတ်လုပ်တာတွေကို
သူလုံးဝမကြိုက်ဘူး။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦