စီးကရက်လေးကသူ့အပိုင်လေးကိုတော့
သိပ်တပ်မက်ခဲ့ရှာတာ...
ဘဝရဲ့ပထမဦးဆုံးတပ်မက်မှုလေးမို့လို့
အထိမခံနိုင်မှုတွေဟာလည်းသိပ်များခဲ့ရှာတာ...ဒီလူသားလေးကိုမှမရရင်
မဖြစ်တော့တဲ့ပုံတွေဟစ်ကြွေးဖူးတယ်မို့လို့
ကြားထဲကနေမရရအောင်
အောင်သွယ်ဖို့ကြိုးစားပေးခဲ့တဲ့
သူငယ်ချင်းဖြစ်သူကိုတောင်
ဘာမှရေရေရာရာမသိဘဲ
တစ်ယောက်တည်းထင်ချင်ရာတွေထင်ပြီး
သတ်ဖို့planချခဲ့သည်အထိ
စီးကရက်လေးကသိပ်ရူးမိုက်ခဲ့ရှာတာ....တပ်မက်မှုပေါင်းများစွာ
အထိမခံနိုင်မှုပေါင်းများစွာ
ရူးမိုက်မှုပေါင်းများစွာဖြင့်
စီးကရက်လေးကသူ့တပ်မက်ရာလေးကို
မြေအောက်ခန်းတွေထဲထည့်သိမ်းထားခဲ့တယ်။ဒီလူသားကိုသူချစ်တယ်၊ကြိုက်တယ်
ရူးလောက်အောင်စွဲလန်းတယ်
သူ့အနားတစ်သက်လုံးရှိစေချင်တယ်
ဒီလောက်ပဲ စီးကရက်လေးအတွေးက
ဒီလောက်လေးပဲရှိခဲ့တယ်။တစ်ဖက်အတွက်လုံးဝ
ထည့်စဉ်းစားမပေးတတ်ခဲ့သေးသလို
ချစ်နေမိတယ် စွဲလန်းနေမိတယ်ဆိုပေမဲ့
အဓိကဖြစ်တဲ့နူးညံ့မြတ်နိုးယုယမှုတွေ
နားလည်ခွင့်လွှတ်ပေးတတ်ခြင်းတွေဟာလည်း
လုံးဝမပါဝင်နေသေးခဲ့ဘူး။သူ့အပိုင်လေးကို
ထည့်သိမ်းထားလိုက်ရလို့ပျော်နေလားဆိုတော့...
စီးကရက်လေးမပျော်နေခဲ့သလို
ဝမ်းလည်းမနည်းနေခဲ့ပါဘူး။ဒါပေမဲ့ချွင်းချက်အနေနဲ့
သူ့အပိုင်လေးကျန်းမာရေးဘက်တွေကို
မသိမသာလေးစစိုးရိမ်တတ်လာခဲ့တယ်။သူ့အပိုင်လေးအသားနာနေတာတွေဆို
သူသိပ်ဘဝင်မကျတော့ဘူး။ခြေထောက်ကရှရာတွေတွေ့တော့လည်း
ဆေးထည့်ပေးမယ်ဆိုတာကိုလက်မခံတော့
ဆေးတွေအတင်းချုပ်ထည့်ပေးလာတယ်။မေ့နေတဲ့အချိန်၊အိပ်ပျော်နေတဲ့အချိန်တွေမှ
ဆေးထည့်ပေးတာမျိုးမဟုတ်တော့ဘဲ
နိုးနေတဲ့အချိန်မှာကို
သူဂရုစိုက်ပေးတတ်လာခဲ့တယ်။ဘယ်လိုပဲဆိုဆိုစီးကရက်လေးဆီမှာ
ချစ်ရသူအတွက်စိုးရိမ်စိတ်သေးသေးလေး၊ဂရုစိုက်မှုသေးသေးလေးတော့
စတင်ဖြစ်တည်လာနေခဲ့ပြီ။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦