-"ဘာလဲ အဲ့ကောင်ရဲ့အသက်လိုလူကိုပဲလား
အဲ့ကောင်ကိုရော...
Jeon Jung Kookကမှ
တကယ်ကျူးလွန်တဲ့သူမလား
Park Ji Minကိုဓားစာခံလောက်ပဲလုပ်ပေါ့"မြေအောက်ခန်းတစ်ခုအတွင်း
ဆိုဖာပေါ်လျော့တိလျော့ရွဲထိုင်နေခဲ့သော
Min Yoongiဆီမှထွက်လာသောစကားသံကို
တစ်ဖက်မျက်နှာချင်းဆိုင်မှာထိုင်နေသည့်လူက
ခပ်ဟဟရယ်ရင်းခေါင်းငြိမ့်ပြလာသည်။-"Park Ji Minကိုငါးစာလုပ်ပြီး
Jeon Jung Kookကိုမျှားမယ်
ထောင်ချောက်ထဲဝင်လာပြီဆိုတာနဲ့
အဲ့ကောင်ကိုဖြည်းဖြည်းချင်းသတ်ရုံပဲ"-"Park Ji Minကိုရော"
လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးက
လက်စားချေဖို့လာပူးပေါင်းတဲ့ကောင်နဲ့
တိုင်သာတိုင်ပင်နေပေမဲ့
သူ့အဆက်ဟောင်းကိုတော့
သိပ်မထိခိုက်စေချင်သောကြောင့်
Jeon Jung Kookကိုတစ်ဖက်ကလူ
သတ်သတ်မသတ်သတ်သူစိတ်မဝင်စား။
သူစိတ်ဝင်စားတာPark Ji Minကို
ဘယ်လိုလုပ်မှာလဲဆိုတာပဲ။အရှေ့ကကောင်ရဲ့ညီမကို
Jeon Jung Kookကစော်ကားပြီး
သတ်ပစ်ဖူးတယ်ဆိုပြီး
သက်သေတိတိကျကျတွေနဲ့
လက်စားချေဖို့လာပူးပေါင်းတော့
ဘယ်ငြင်းနိုင်ပါ့မလဲ။နဂိုကတည်းကPark Ji Minကိုကလိချင်နေတာ။
Jeon Jung Kookကိုဆိုရိုက်ပါ
သတ်ပစ်ချင်နေတာ..
ဒါဂွင်လေ။
ပူးပေါင်းဖို့သဘောတူလိုက်သည်။ဒါပေမဲ့Ji Minကိုစိတ်ထိခိုက်ရုံလောက်ပဲ...
ခန္ဓာကိုယ်ကိုတော့မထိခိုက်စေချင်ဘူးမို့လို့
ရှေ့ကကောင်ရဲ့planတွေကိုသေချာမေးပြီး
ညှိသင့်တာတွေညှိရလိမ့်မည်။Park Ji Minကနုနုလေး....
နည်းနည်းလေးထိတာနဲ့
ရဲတွတ်သွားတတ်တဲ့
အသားနုနုလေးတွေနဲ့လူသားမို့လို့
ထိုအသားနုနုလေးတွေကိုတော့
Min Yoongiမထိခိုက်စေချင်ခဲ့ဘူး။စိတ်ထိခိုက်တာကပိုနာကျင်ရတာ
လူဆိုးဂိုဏ်းခေါင်းဆောင်
မသိတာလား။
မသိချင်ယောင်များဆောင်ခဲ့တာလား။တစ်ဖက်စောင်းတွေနင်းလွန်းအားကြီးခဲ့၏။
-"Park Ji Minကိုမသတ်ဘူး
Jeon Jung Kookအသေမဖြောင့်အောင်
နည်းနည်းထိကပါးရိကပါးလုပ်ရုံပဲ...
အဆင်ပြေတယ်မလား
အဲ့လောက်လေးတော့..."
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦