P_12🚬

5.3K 491 10
                                    

ဆရာဝန်လေးရဲ့မူးပြီးရင်ဖွင့်ခဲ့မှုအရှိန်ဟာ
နောက်နေ့တစ်ရက်မှာပဲ ရန်ပွဲတစ်ခုကို
အကြီးအကျယ်ဦးတည်စေခဲ့သည်။

ချစ်ပုံချစ်နည်းတွေကိုဘယ်လိုပဲJeonက
သူ့flowအတိုင်းဖန်တီးချင်ပါတယ်ဆိုဆို
သူ့အပိုင်လေးကိုလာထိပါးဖူးတယ်ဆိုတာ
သိလိုက်ရသည့်အခါ
Jeon Jung Kookဆိုတဲ့အတိုင်းဘယ်ငြိမ်နေမလဲ။
ဖွက်ထားသည့်အစွယ်တွေ
ထုတ်ပြဖို့ပြင်လာခဲ့သည်။

Ji Minကြောင့်ငြိမ်နေပေမဲ့
ဒီလိုတွေမှာတော့သူမခံစားနိုင်...
ဘာတဲ့တက်တူးကိုချုပ်ထိုးတာတဲ့။
အပ်ကြောက်တဲ့သူကိုမှလေ...

အဲ့ဒါတွေအသာထား...
ဒီJeon Jung Kookရဲ့ထူးခြားဖြစ်တည်မှုကိုမှ
လာထိခဲ့တဲ့အဲဒီ့ကောင်အရမ်းမှားသွားပြီ။
အခုကိုယ်တိုင်အမှုန့်ကြိတ်ပစ်တော့မှာမလို့လေ။

ကိုယ်တိုင်စိတ်ပါလို့
သွားထိုးခဲ့တဲ့တက်တူးတွေတောင်
ထိုးနေချိန်ဘယ်လောက်နာခဲ့ရလဲသူအသိဆုံး။
သူ့ချစ်ရသူနုနုရွရွလေးကို
ဒီလိုလုပ်ခဲ့ဖူးတာဟာ
အဲ့Kim Tae Hyungဆိုတဲ့ကောင်ရဲ့မဟာအမှားပဲ။

နေ့ချင်းညချင်းကိုထိုလူအ‌ကြောင်းစုံစမ်းပစ်ကာ
Jeonသည်တကယ်လုပ်တော့မည့်ပုံ။

Leather jacketအနက်ကို
ဘောင်းဘီအနက်တွေနဲ့တွဲဝတ်ထား၍
ဖြောင့်ထားတာကြောင့်အရင်လောက်တော့
ကောက်မနေတော့သောဆံပင်တွေကို
ပြန်သပ်တင်နေပုံသည် နတ်ဆိုးတစ်ပါးအလား....
စူးစူးရှရှမျက်လုံးတွေသည်
တစ်ခုခုကိုအကြီးအကျယ်တွေးတောနေခဲ့သည်။

တွေးမိနေတုန်း
ညကပြောပြောပြီးငိုနေတဲ့ပုံရိပ်လေး
ခေါင်းထဲထပ်ပေါ်လာသည့်အခါ
Jeonမေးရိုးတွေတင်းခနဲ။

အနမ်းကြမ်းတွေပုံဖော်ရင်း
ရင်ဘတ်တွေပေါက်ထွက်မလို
ဖြစ်ခဲ့ရတာတွေကိုလည်းမေ့မရပေမဲ့
နာတဲ့အကြောင်းငိုငိုပြီးပြောနေတဲ့ပုံလေးကို
ပြန်တွေးမိလိုက်တိုင်း
ရင်ဘတ်တွေထဲအောင့်တက်လာတာကြောင့်
ကားသော့တွေဆွဲပြီး
အမူးသမားလေးဆီသွားဖို့ပြင်ရသည်။

ဒီအချိန်ဆိုဆေးရုံသွားဖို့ပြင်နေလောက်ရောပေါ့...

တစ်ခါမှမနက်ဘက်တွေလိုက်မပို့ဖူးတော့
သူ့တွေ့ရင်ဖြစ်သွားမယ့်ပုံရိပ်လေးကို
ကြိမြင်ယောင်မိကာ
စိတ်အလိုမကျမှုတွေကြားက
ပြုံးလိုက်မိသေးသည်။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦حيث تعيش القصص. اكتشف الآن