ဒီပန်ချီကားချပ်ကြီးရဲ့
အနိမ့်အမြင့်အတက်အကျတွေကို
စုတ်တံလေးနဲ့ ပုံစံမျိုးစုံ အရောင်မျိုးစုံကို
ပုံဖော်နေခဲ့တဲ့ပန်းချီဖန်တီးသူက
ဒီစကားလေးတစ်ခွန်းကို
ကြားရုံလေးသာဆိုလာခဲ့တယ်။"ဒီပန်းချီရဲ့အရာရာကရက်စက်မှုတွေသာ
ကြီးဆိုးလာနေပြီ...
အမှောင်အတိပဲ"တဲ့လေ။ထိုစကားကိုကြားသွားတဲ့Jeonက
ခပ်ဟဟရယ်ကာပြုံးပြလာခဲ့ပြီးနောက်
စကားတစ်ခွန်းကိုလည်းပြန်ဆိုခဲ့လေရဲ့...-"အဲဒီ့ရက်စက်မှုတွေရဲ့ပဲ့ကိုင်ရှင်က
ကိုယ်ပါ....
ပန်းချီဖန်တီးသူရေ"တဲ့လေ။----------
သတ်သေဖို့ကြိုးစားနေခဲ့တဲ့သူကို
သေနည်းသွားပေးလိုက်သည့်အလားပဲ
ထိုနေ့ကဆရာဝန်လေးရဲ့ဖုန်းပိတ်ပစ်ခဲ့မှုမှာ
Jeonသည်negativeဘက်တွေချည်းသာ
ပိုဆင်းသွားခဲ့သည်။ကိုယ့်ဘက်ကတတ်နိုင်သလောက်
ပြောင်းလဲပေးခဲ့ပါလျက်နဲ့
အရူးအမူးဖြစ်ခဲ့ပေးပါလျက်နဲ့
သူနဲ့ဆက်နွယ်ခဲ့ဖူးတဲ့
Kim Tae Hyungဆိုတဲ့ကောင်ကိုတောင်
ပြသာနာသွာရှာပေးခဲ့ပါလျက်နဲ့
ဒဏ်ရာရလာတဲ့အခါဆရာဝန်ပေါ်မလာခဲ့ဘူး။Ji Minကမောင့်ဘက်ကိုမကြည့်တော့...
မောင်ကလည်းမင်းဘက်ကိုကြည့်မနေတော့ဘူး။နှစ်လ။
နှစ်လတိတိပင်ရှိခဲ့ပြီ။
Ji Minနဲ့သူနှစ်ယောက်တည်းအတူတူနေဖို့
ခိုနာရားလေးကိုဘယ်သူမှမသိအောင်
သူလျှို့ဝှက်စွာဖန်တီးနေခဲ့တာ။
Hopeတောင်မှမသိခဲ့ဘူး။
နဂိုကတည်းကရှိခဲ့တဲ့ခိုနားရာလေးက
သိပ်ပြင်ဆင်စရာမရှိနေတာကြောင့်
တစ်လကျော်နဲ့တင်အပြီးသတ်နိုင်ခဲ့သည်။ကိုယ်တိုင်ဖန်တီးထားခဲ့သော
သုံးထပ်တိုက်ကြီး၏
ခြံထဲ၌တည်ရှိနေခဲ့သော
ရေကူးကန်ပြာပြာထဲတွင်
ပက်လက်လှန်ကိုယ်ဖော့ထားကာ
မိုးကောင်းကင်ထက်က
ရွေ့လျားသွားလာနေသည့်
တိမ်ဖြူဖြူတွေကိုလိုက်ကြည့်ပြီး
အကြောင်းမရှိရယ်နေခဲ့ရင်း
စိတ်အခြေအနေသည် လုံးဝကိုအနှုတ်ပြခဲ့၏။အနှုတ်ပြနေသောစိတ်အခြေအနေမှာ
Hopeတို့ဘာတို့ကိုလည်းရင်ဖွင့်မနေတော့ဘဲ
သူ့နည်းအတိုင်းသာစလုပ်လာခဲ့သည်။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦