-"ခေါင်မိုးထပ်မှာ ဘာတွေဖြစ်ခဲ့လို့လဲ"
အစကဒီလူအကြောင်း
မသိချင်ခဲ့ပါဘူးဆိုသောဆရာဝန်သည်
Hopeရဲ့ဇာတ်ရှိန်တွေထဲမျောပါသွားတော့
မေးခွန်းလေးတွေပြန်ထုတ်လာခဲ့သည်။ဘယ်လောက်တွေပဲအသိစိတ်က
ဒီလူအကြောင်းမသိချင်ပါဘူးဆိုနေပါစေ
မသိစိတ်တွေကတော့သိချင်နေခဲ့တာပါပဲ။-"ဘာတွေဖြစ်ခဲ့လဲဆိုတာ
Jung Kookကလွဲပြီးဘယ်သူမှ
သေချာမသိခဲ့ကြဘူး
ဒါပေမဲ့အခုလူတိုင်းသိထားတဲ့အကြောင်းက
မှားနေတယ်ဆိုတာတော့ကျွန်တော်အာမခံတယ်"Hopeသည်Jung Kookအပိုင်ဖြစ်လာမယ့်
အလှတရားလေးရဲ့မျက်လုံးတွေထဲ
သေချာစိုက်ကြည့်လျက်အကဲခတ်ပြီး
မျောနေပြီဖြစ်ကြောင်းအကဲခတ်မိမှ
ဆက်ပြောလာခဲ့သည်။-"ကျွန်တော်တစ်ခုမေးမယ်
အကယ်၍Ji Minက
လူတစ်ယောက်ကိုစော်ကားပြီး
နောက်တစ်ယောက်ကိုသတ်ပစ်ပါတယ်လို့
အကွက်ချခံရမယ်
အဲ့ဒါကိုကိုယ်ကရှင်းပြပေမဲ့
ဘယ်သူကမှမယုံပေးသလို
မိဘတွေကပါမယုံဘဲ
အပြစ်သားတစ်ယောက်လို
ဝိုင်းစွတ်စွဲ ဝိုင်းကြည့်လာကြရင်
Ji Minဘယ်လိုနေမလဲ
ပြီးတော့ကိုယ့်ကိုမယုံတဲ့မိဘတွေက
ချက်ချင်းအဲ့နေ့ပဲ
မျက်စိရှေ့မှာတင်ရက်ရက်စက်စက်
accidentဖြစ်ပြီးသေခဲ့မယ်ဆိုရင်ရော...
လူတွေအကုန်လုံးကလည်းမိဘတွေက
ကိုယ့်ကြောင့်နဲ့သေခဲ့ရတာပါလို့
ဝိုင်းပြောကြရင်ရော...
အသက်15နှစ်လောက်
ကလေးသာသာလေးကိုလေ"Ji Minတွေခနဲ။
မဖြစ်နိုင်တာတွေ
ဘယ်သူကအဲ့လောက်ကံဆိုးမှာလဲ။
အရှေ့ကလူပြောသလို
သူသာအဲ့လိုတကယ်တွေဖြစ်ရင်
လောကကနေထွက်ခွာသွားမိလိမ့်မယ်။တစ်စက္ကန့်တောင်နေချင်တော့မှာမဟုတ်တာ
သေချာသည်။စကားတွေအတိုင်းလိုက်ခံစားကြည့်ပေမဲ့
ဒီလောက်ကံဆိုးတဲ့လူရှိနိုင်တာလား
ဆိုသည်ကလည်းကပ်လျက်သားဖြင့်။မဟုတ်မှJeon Jung Kook...
-"ဟုတ်တယ်Jung Kookက
အဲ့လိုတွေဖြစ်ခဲ့တာပါ"Ji Minရင်ထဲဒိန်းခနဲ။
အရှေ့ကလူပြောတာ သိပ်မယုံချင်နေပေမဲ့
မသိစိတ်ကလုံးဝကိုသွားယုံနေသည်။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦