P_33🚬

5.8K 487 34
                                    

သုံးရက်မြောက်ခဲ့ပြီဖြစ်သော
ဘူဆန်မနက်ခင်းရဲ့နေထွက်ချိန်လေးဟာ
လှလှ‌ပပလေးဖြစ်တည်လာနေပေမဲ့
အိမ်ထဲတွင်တော့နည်းနည်း
ကတောက်ကစလေးတွေဖြစ်နေသည်။

လူနှစ်ဦးပေါင်းစည်းထားတာကြောင့်
ဘယ်လောက်ပဲချစ်တယ်ဆိုဆို
ကတောက်ကစဆိုတာကရှိစမြဲပဲ။

လူဆိုတာစိတ်မထင်ရင်
တစ်ခါတစ်လေ
တစ်ယောက်တည်းတောင်
ကတောက်ကစထထဖြစ်နေတတ်တဲ့အမျိုးမို့လို့
နှစ်ယောက်ဖြစ်နေတဲ့အခါ
ဒါတွေဟာသိပ်တော့မဆန်းပါဘူး။
တစ်ခါတစ်လေဖြစ်တတ်တာပဲ။
ဖြစ်ကိုဖြစ်မှာပဲ။

အိမ်အကူတွေအကုန်လုံးကိုအနားပေးထားပြီး
နှစ်ယောက်တည်းတစ်ကမ္ဘာတည်နေချိန်
မနက်စာပြင်နေသည့်ဆရာဝန်လေးသည်
ဒီလူစီးကရက်‌တွေ
သောက်သောက်နေတာကိုသိပ်မကြိုက်။

ဖြတ်ခိုင်းမယ်ဟုစဉ်းစားပြီး
မနက်စာလုပ်နေရင်းကနေ
နောက်ကစားပွဲမှာထိုင်နေသော
စီးကရက်တွေမီးညှိတော့မည့်ဆဲဆဲလူကို
မသောက်ဖို့ပြောနေသည်။

သို့သော်သူ့စကားမကြားသည့်အလား
ဆက်မီးညှိနေတာကြောင့်
နှုတ်ခမ်းပါးတွေကစီးကရက်ကိုဆွဲယူပြီး
ဘေးဘက်လွှင့်ချပစ်လိုက်ချိန်
လက်ရဲဇက်ရဲဖြစ်လာတဲ့လူသားလေးကြောင့်
စီးကရက်လေးမျက်နှာကွက်ခနဲ။

-"ကလေးလေး ဘာလုပ်တာလဲ"

-"မောင့်ကို အဲ့ဒါတွေမသောက်ဖို့
ပြောနေတယ်လေ
မောင် ကိုယ့်စကားကို
မကြားသလိုလုပ်နေတယ်မလား"

-"ကြားပါတယ်ကွာ
မောင်နေရတာတစ်မျိုးကြီးဖြစ်နေလို့
ပြန်မပြောမိတာပါ ကလေးလေးရာ"

Jeonစိတ်တွေသိပ်မကြည်နေခဲ့ဘူး။
အကြောင်းအရင်းကျတော့လည်း
ရေရေရာရာမရှိပြန်ဘူး။

ဒီလိုပဲ နေထိုင်လာရင်း
အကြောင်းအရင်းမရှိဘဲစိတ်မကြည်ခဲ့တဲ့
နေ့တွေထဲကတစ်နေ့ပါပဲ...
လေးလေးနက်နက်တွေးနေရတာ
တချို့တွေကြောင့်ရောပေါ့...

-"မောင်ကြားကြောင်းတော့
ပြသင့်တယ်လေ
ခုကလူကိုသရဲလိုပဲ
ပြောနေတာဂရုမစိုက်ဘဲ
မီးဆက်ညှိနေတာ..."

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now