Jeonစံအိမ်ကြီးထဲသို့
ထိုးရပ်လာခဲ့သောကားသည်
ဘယ်လိုမှအခြေအနေမဟန်နေသလို...
တစ်လမ်းလုံးမနည်းထိန်းမောင်းလာခဲ့သော
Jeonသည်လည်းဘယ်လိုမှ
အခြေအနေမဟန်နေ။တစ်လမ်းလုံးတွေ့တဲ့နေရာသာ
ကားကိုပြေးပြေးတိုက်ချင်နေမိပေမဲ့
ဘေးမှာကိုယ့်အပိုင်လေးပါနေတယ်ဆိုတဲ့အသိနဲ့
အိမ်မရောက် ရောက်အောင်
သူအလူးအလဲမောင်းလာခဲ့ရတာ။အတိတ်ကလှောင်ရယ်သံတွေ
နားထဲအထပ်ထပ်ပြန်ကြားနေရတာကြောင့်
ဒေါသတွေလည်းထွက်နေခဲ့၍
မီးကိုလောင်စာပစ်ထည့်ပေးသည့်အလား
အသိစိတ်သည်မကပ်တစ်ချက်
ကပ်တစ်ချက်တွေဖြစ်နေကာ
စိတ်သည်လွတ်လွတ်ထွက်သွားသည်။အိမ်အမြန်ရောက်ပြီး
အိပ်ဆေးဆီရောက်ဖို့အရေးသာ
အဓိကဖြစ်နေတာမို့လို့
ခြံထဲရောက်ပြီဆိုတာနဲ့
ကားကိုစက်ပင်မသတ်နိုင်...
ကားပေါ်ကဝုန်းဒိုင်းကြဲဆင်းချသွားကာ
တစ်ဖက်ကသတို့သားလောင်းလေးကိုလည်းမမေ့။
အတင်းဆွဲဆောင့်ကာခေါ်သွားခဲ့သည်။နှိပ်စက်မလို့နာကျင်အောင်လုပ်မလို့
အတင်းဆွဲဆောင့်ခေါ်သွားနေခဲ့တာမဟုတ်ဘူး
Jeonကသူ့အပိုင်လေးကျန်ခဲ့မှာစိုးလို့
သူဒီလိုဖြစ်နေတဲ့အချိန်
အနားကနေထွက်ပြေးသွားမှာစိုးလို့
အတင်းခေါ်သွားနေခဲ့တာ။ဆရာဝန်လေးသည်ပြောင်းလဲနေပြန်သူကို
ကြောက်ပေမဲ့မလိုက်ဘူးတို့လွှတ်တို့
ထပ်မအော်ခဲ့သလိုရုန်းလည်းမရုန်းမိခဲ့။
Jeonဆွဲခေါ်သွားတဲ့နောက်
အရုပ်လေးလိုပဲပါသွားခဲ့ရသည်။မရုန်းရဲတော့တာပါ။
မအော်ရဲတော့တာပါ။
အရင်တစ်ခါလိုတွေဖြစ်မှာကို
မသိစိတ်တွေရော
အသိစိတ်တွေထဲကပါ
အရမ်းကိုကြောက်နေခဲ့မိတာပါ။ထိုနေ့ကရေချိုးခန်းထဲကအဖြစ်အပျက်က
ဆရာဝန်လေးအတွက်အိပ်မက်ဆိုးကြီးကဲ့သို့
ဦးနှောက်တွေထဲအမြစ်တွယ်ခဲ့ရပြီး
Jeonတစ်ခုခုမူမမှန်တာနဲ့
သူနှိပ်စက်ခံရတော့မယ်လို့
တွေးပစ်မိခဲ့သည်အထိပဲ။Jeonသည်နာကျင်မှုအပြင်
အတိတ်နဲ့ပစ္စုပန်တွေပါရောထွေးနေခဲ့ချိန်
ဆွဲခေါ်လာသည့်သူလေးရဲ့လက်တွေကို
အမှတ်မထင်အားနဲ့ဖိဖိချပစ်မိသွားသည့်အခါ
လက်နုနုလေးသည်ရဲခနဲရဲခနဲဖြစ်ဖြစ်သွားရသည်။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦