1500အချစ်တဲ့...
သေချာစဉ်းစားကြည့်မယ်ဆိုရင်
နည်းနည်းတော့ထူးဆန်းသား...ဘာမှလည်းသွေးမတော်သားမစပ်တဲ့
သူစိမ်းနှစ်ယောက်က
တစ်ယောက်နဲ့တစ်ယောက်ကို
ချစ်မိသွားတာတဲ့...ကိုယ့်အသက်တွေထက်
ရှိသမျှအရာတွေထက်တောင်
ပိုချစ်ပေး...ပိုတန်ဖိုးထားပေးတာတွေ...ကိုယ့်အသက်သေရင်သေပါစေ
သူ့ကိုတော့မြူတစ်မှုန်တောင်မထိခိုက်စေချင်တဲ့
စိတ္တဇ္ဇနာမ်တွေ....သူ့ဝမ်းနည်းဝမ်းသာခံစားချက်ကိုလိုက်ပြီး
ကိုယ်ပါရောဝမ်းနည်းဝမ်းသာဖြစ်ရတာတွေ...သူငိုနေတာတွေ ဝမ်းနည်းနေတာတွေကို
လုံးဝမမြင်ချင်ဘဲ
သူ့မျက်နှာထက်အပြုံးလေးတွေပဲ
ဖန်တီးပေးချင်နေမိတာတွေ...သူ့မကြိုက်တာတွေဆို
အလိုလိုရှောင်လာမိပြီး
သူ့အတွက်ဆိုမလုပ်ဖူးတာတွေတောင်
လုပ်ပေးတတ်လာတာလေးတွေ...သူရှိနေရင် ဘာမှထပ်မလိုအပ်တော့တာတွေ...
ဆက်ပြောရင်ထပ်ရှိဦးမယ့်
အများကြီး အများကြီးတွေ
ဖြစ်တည်နေတဲ့လောကကြီးထဲ
ဒါတွေဟာနည်းနည်းတော့
ဆန်းကျယ်လွန်းနေသယောင်ယောင်.....သူစိမ်းနှစ်ယောက်လေ...
သို့သော်မေတ္တာကြိုးတွေက
ဆွေမျိုးအရင်းတွေတောင်
ကြားဝင်ဖြတ်လို့မှမရနိုင်ခဲ့တာ...
မိဘတွေတောင်ကြားမဝင်ဖြတ်နိုင်ခဲ့တာ...ချည်ထားတဲ့ကြိုးနီနီတွေက
သိပ်ထူးဆန်းတယ်။လောကကြီးထဲအခိုင်မာဆုံးများလားတောင်
ထင်ရတဲ့အထိပဲ။နှစ်ဦးနှစ်ဖက်အချစ်စစ်တွေကိုပဲပြောပါတယ်။
---------------
-"ကလေးလေး..."
-"........"
-"အိပ်ပုတ်လေး..."
"......."
ညကအနမ်းတာတွေရှည်သွားပြီး
အိပ်ရတာနောက်ကျသွားတော့
သူ့အပိုင်လေးကထနေကျအချိန်
ရောက်နေတာတောင်မထနိုင်သေးတာကြောင့်
ခဏဆက်သိပ်ထားလိုက်ပြီး
မီးဖိုခန်းထဲဝင်သူကိုယ်တိုင်ဝင်ခဲ့သည်။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦