Jeonစံအိမ်၏ ရာသီဥတုသည်
ဒီနေ့တော့Hopeရှိနေ၍လားမသိ...
အရင်နေ့တွေကလိုခြောက်ကပ်မနေဘဲ
စိုစိုပြည်ပြည်လေးဖြစ်နေခဲ့သည်။စောစောစီးစီးချက်ပြုတ်နေတဲ့သူကို
Jeonအနောက်ဘက်ကနေ
ပြုံးပြုံးကြီးရပ်ကြည့်နေမိသည်။ဘာတွေချက်နေလဲတော့မသိ...
တစ်ယောက်တည်း ရှုပ်ရှတ်တွေခပ်နေတာပဲ။ခုမှပဲမီးဖိုချောင်ကမီးဖိုချောင်နဲ့တူသွားသလိုလို...
တစ်ခါတစ်လေ
Hopeနိုင်ငံခြားသွားနေတတ်တဲ့အချိန်တွေဆို
သူ့မီဖိုခန်းဟာတကယ့်သဲကန္ဒာရ။
ခြောက်သွေ့ပြီးအရမ်းတိတ်ဆိတ်နေခဲ့တာ...တစ်ပတ်မှတစ်ခါသာလာခွင့်ရှိသော
အလုပ်သမားတွေကြောင့်
Jeonစံအိမ်ဟာတစ်ပတ်မှတစ်ရက်လောက်သာ
လူရှုပ်တတ်ပြီးကျန်တဲ့နေ့တွေဟာ
အထီးကျန်ဆန်စွာဖြင့်တည်ရှိနေခဲ့သည်။ဘယ်သူမှမရှိ၊ဘယ်သူမှမသိ၊
ဂရုစိုက်ပေးမယ့်လူမရှိတော့
Jeonဟာတစ်ယောက်တည်း
အမြဲလွင့်ချင်သလိုလွင့်နေခဲ့ပြီး
ထမင်းစားချင်ရင်စားလိုက်တယ်
ထမင်းမစားချင်တဲ့နေ့ဆိုရင်လည်း
ဝိုင်တို့စီစကီတို့နဲ့သာနှစ်ပါးသွားလိုက်တယ်။လွတ်လပ်တယ်။
အရမ်းကိုအလွတ်လပ်လွန်ပြီး
သူလွတ်ထွက်နေခဲ့တာ....
အလွတ်ထွက်လွန်ပြီး
သူ့ကမ္ဘာတိတ်တဆိတ်ပြိုကျနေခဲ့ရတာတော့
ဘယ်သူမှမသိခဲ့ဘူး။မသိအောင်လည်းသူနေခဲ့တော့
မသိကြတာလည်းမဆန်းနေခဲ့ခြင်းမှာ
Jeon Jung Kookဆိုတဲ့နာမည်ကြားတာနဲ့
အမြဲလိုလိုရှိန်နေရမယ်ဆိုတဲ့လမ်းကိုပဲ
ရွေးချယ်ခဲ့ပြီးကိုယ့်ဘဝကိုယ်တော့
စိတ်ပျက်လက်ပျက်သူဖြတ်သန်းနေခဲ့ဆဲပဲ။-"Jung Kook ဘယ်သွားမလို့လဲ"
တစ်ယောက်ယောက်ကြည့်နေသလိုလို
ခံစားမိလိုက်တာကြောင့်
အနောက်ကိုလှည့်ကြည့်မိတဲ့အချိန်
နံရံကိုမှီပြီးသူ့ကိုစိုက်ကြည့်နေသော
မျက်ဝန်းတွေနဲ့တန်းတိုးသည်။အနောက်တိုင်းဝတ်စုံအပြည်နဲ့
သပ်သပ်ရပ်ရပ်ဖြစ်နေတာကြောင့်
ဘယ်များလဲအထူးတဆန်းမေးကြည့်မိတော့
ညကကမ္ဘာပြိုနေသောမျက်နှာထားနဲ့
လားလားမှမဆိုင်တော့ဘဲ
ပြုံးပြုံးလေးပြန်ဖြေလာပုံသည်
သိပ်ကိုမြန်ဆန်လွန်းခဲ့သည်။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦