နောက်ဆုံးတော့သူတို့နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက်
သိပ်ချစ်တတ်ခဲ့ကြပြီ။အနားရှိရင်ပြီးရောခြိမ်းခြောက်ခဲ့တဲ့သူကလည်း
အနားရှိရုံနဲ့တင်အားမရတော့ဘဲ
အသည်းအသန်ချစ်တတ်လာခဲ့သလိုမုန်းပါတယ်လို့
တောက်လျှောက်ဟစ်ကြွေးခဲ့တဲ့သူကလည်း
မုန်းတာတွေတစ်ဖက်ကမ်းခတ်သွား၍
အသည်းအသန်ချစ်တတ်လာခဲ့ပြီ။ကြေကြေကွဲကွဲထိတ်ထိတ်လန့်လန့်စတင်ခဲ့ရတဲ့
သူတို့နှစ်ယောက်ဇာတ်လမ်းရဲ့
တစ်ချိုးတစ်ကွေ့မှာ
အချစ်စစ်တွေစတင်ပေါက်ဖွားလာခဲ့ပြီ။စီကရက်လေးဂဝံလမ်းပေါ်လျှောက်မိခဲ့ပေမဲ့
ကံကောင်းစွာဂဝံနီနီတွေဟာ
ဖြောင့်ဖြူးတဲ့လမ်းမအဖြစ်ပြောင်းလဲသွားခဲ့သလိုမသေချာမရေရာစွာ
စီးကရက်လေးတိုးဝင်ခဲ့တဲ့
အမှောင်ထုရဲ့တစ်ဖက်ခြမ်းမှာလည်း
ကံကောင်းလွန်းစွာ
နေရောင်ခြည်ဖြူဖြူတွေ
ထိန်ထိန်လင်းနေခဲ့သော
လိပ်ပြာလေးတွေအပြည့်နဲ့
ပန်းသစ်တောလေးကစောင့်ကြိုနေခဲ့ပြီ။မရေရာမှုတွေကိုသာရွေးချယ်ခဲ့တဲ့
စီးကရက်လေးသိပ်ကံကောင်းလွန်းခဲ့ပါတယ်။တစ်ချက်လေးမှားတာနဲ့
ချောက်ထဲပြုတ်ကျမယ့်ကိန်းတွေမှာ
စီးကရက်လေးကကံကောင်းလွန်းခဲ့တာပါ။မတော်လို့ ခြေချော်ကျသွားခဲ့ရင်
ပန်းချီတွေအပြီးမသတ်နိုင်ခင်ကျကွဲနိုင်ခဲ့ပေမဲ့
စီးကရက်လေးရဲ့ကံကောင်းမှုကြောင့်
ပန်းချီတွေဆက်ရေးဆွဲသွားနိုင်သွားခဲ့တာပါ။ကျေးဇူးတင်ပါတယ် စီးကရက်လေးJeon...
အချိန်တွေကအရမ်းမြန်ဆန်လွန်းတယ်
မသိရင်သူတို့နှစ်ဦးရဲ့
ပထမဆုံးတွေ့ဆုံခြင်းတွေကမနေ့တနေ့ကလိုပဲ
ခါးသက်ခဲ့ပေမဲ့နောက်ဆုံးတော့ချိုမြိန်စပြုခဲ့ပြီ။ထပ်ပြီးခါးသက်စရာတွေမရှိတော့အောင်
ကံကြမ္မာတွေကိုနှစ်ဦးသဘောတူ
ပြန်ရေးဆွဲကြတော့မှာမို့လို့
အချစ်စစ်တွေထာဝရတည်တံ့သွားဖို့သာ
လိုအပ်တော့လိမ့်မည်။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦