ညတွင်းချင်းထွက်ခွာခဲ့သော
Private Jetကြီးသည်သိပ်မပျံသန်းလိုက်ရ၍
ဦးတည်ရာကနီးသည်မို့လို့
နာရီဝက်လောက်နဲ့ရောက်သွားခဲ့သည်။လေယာဉ်ကွင်းတွေဘာညာမဟုတ်ဘဲ
ဘူဆန်မြို့ရဲ့အစွန်ဘက်
ပင်လယ်ကမ်းစပ်ဘေး၌
တည်ဆောက်ထားခဲ့သော
လေယာဉ်ပြေးလမ်းပါရှိနေသည့်
သုံးထပ်တိုက်အိမ်ကြီးတည်ရှိနေသည့်
ဧရိယာအတွင်းဆင်းသက်ဖို့ပြင်လာသည်။လေယာဉ်ပါအသာလေးဆင်းလို့ရသည့်
ဧရိယာအကျယ်အဝန်းသည်နည်းနောမဟုတ်၍
တော်တော်လက်ဝင်အောင်ဆောက်ခဲ့ရမည့်ပုံ...စီးကရက်လေးသည်
မှတ်မိနေသည့်ပတ်ဝန်းကျင်ရဲ့
ညဘက်ပုံစံကိုလိုက်ကြည့်နေရင်း
ရင်ခွင်ထဲကကိုယ်သေးသေးလေးကိုလည်း
တယုတယထွေးပိုက်ထားသည်။ဆိုးလ်မှာကတည်းကအိပ်ငိုက်နေတဲ့ပုံမို့လို့
မောင့်ပေါ်လာကလေးလေးဆိုတော့
ရှက်နေသေးတဲ့သူလေးကြောင့်
ဆက်ခနဲဆွဲပွေ့လိုက်ပြီး
ချီလိုက်တော့ဘာမှမပြောဘဲ
သူ့ရင်ဘတ်ကိုကျောပြင်လေးအပ်လာသည်။
ပုခုံးပေါ်ခေါင်းလေးမှီခိုင်းပြီး
လက်လေးတွေကိုလိုက်ပွတ်သပ်ပေးလိုက်တော့
သိပ်တောင်မကြာလိုက်ဘဲအိပ်ပျော်သွားတာ
ခုထိနိုးမလာသေးတာကြောင့်
အသဲယားရပြန်သည်။တကယ်ကိုအိပ်ပုတ်လေးပဲ။
ညာဘက်ပုခုံးကိုမှီပြီးအိပ်နေတဲ့
မျက်နှာနုနုလေးကိုစောင်းငဲ့ကြည့်လိုက်တော့
တော်တော်အိပ်မောကျနေတဲ့ပုံစံလေးမှာ
မနှိုးရက်တော့ဘဲချီပြီးဆင်းဖို့ပြင်လိုက်သည်။ပါးလေးတစ်ဖက်ကိုနှုတ်ခမ်းပါးတွေနဲ့
အရင်ဖိကပ်လိုက်ပြီးမှ
ဒူးခေါင်းအောက်နဲ့လည်ပင်နားလေးကနေ
လက်လျိုရင်း ကိုယ်သေးသေးလေးကို
ပွေ့ပြီးလေယာဉ်ပေါ်ကဆင်းရတာသည်
မသိရင်ဟန်းနီးမွန်းလိုလိုလေးမို့လို့
ချီထားရင်းနဖူးလေးကိုငုံ့နမ်းမိပြန်ပြီ။နှုတ်ခမ်းဖူးဖူးလေးကိုဖွဖွလေးဖိကပ်မိပြန်ပြီ။
တစ်ချိန်လုံးထိတွေ့နေရလည်းသူ့မှာမရိုးနိုင်ခဲ့...
ဘယ်တော့မှလည်းရိုးမှာလည်းမဟုတ်ပါဘူး။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦