P_27🚬

4.9K 469 48
                                    

စီးကရက်လေးနဲ့ဆရာဝန်လေးတို့ဘက်မှာ
စအဆင်ပြေလာနေခဲ့ပေမဲ့
တစ်ဖက်တွင်တော့ဤသို့မဟုတ်ခဲ့။
ဂယက်သည်ထမြဲထဆဲဖြစ်နေကာ
လူဆိုးလေးသည်ဓာတ်ပုံဆရာလေးကို
ဆက်ချုပ်နှောင်ထားဆဲ....

ခုနောက်ပိုင်းတွေထစ်ခနဲဆို
သတိလစ်လစ်ကျသွားနေသော
ဓာတ်ပုံ‌ဆရာလေးသည်လည်း
နေ့တိုင်း‌ပေါက်ကွဲဆဲ....

ဓာတ်ပုံဆရာလေး၏ချစ်သူ
ပန်းချီဆရာလေးသည်လည်း
မကာကွယ်ပေးနိုင်ခဲ့မှုအပေါ်
ကိုယ့်ကိုယ်ကိုအပြစ်တင်မဆုံးဖြစ်နေကာ စိတ်ဓာတ်တို့ဟိုးအောက်ဆုံးသို့ထိုးကျဆဲ....

မပြောင်းလဲနိုင်သေးတဲ့ဖြစ်နေဆဲတွေက
ယခုထိတိုင်သံသရာလည်နေဆဲမှာ
တစ်နေ့နေ့တော့ဂယက်အဆုံးကိုရောက်နိုင်ဖို့မျှော်လင့်မိပါရဲ့.....

အခုချိန်သာထိုဂယက်တွေကိုချပြလိုက်ပါက
ပန်းချီဖန်တီးသူရဲ့ဆေးရောင်လေးတွေ
ဟင်းခနဲဟာခနဲတွေဖြစ်ပြီး
လွင့်ကုန်ကြမှာသေချာနေတာမို့လို့
ခဏလောက်တော့ထိုဂယက်တွေကို
ပန်းချီဖန်တီးသူဘက်က
ခေါက်သိမ်းထားရလိမ့်မည်။

----------

ညခုနစ်နာရီအချိန်ခန့်တွင်
ခြံအကြီးကြီးတစ်ခု၏မြက်ခင်းပြင်တွေပေါ်
စားပွဲဝိုင်းဖြူဖြူတွေနေရာတကျစီစဉ်ထားကာ
စားပွဲဝိုင်းပေါ်တွင်စားစရာ
သောက်စရာအချို့သည်စုံလင်လွန်းနေ၍
တစ်ခြံလုံးမီးရောစုံတွေတဖျက်ဖျက်ဖြင့်
ရယ်သံလေးတွေဟာလည်းတလွင်လွင့်
လွင့်ပျံနေခဲ့ကြသည်။

ဆယ်ကျော်သက်အရွယ်လေးတွေပိုများနေ၍
စကားတွေပြောပြီးရယ်မောနေကြ
ပျော်နေကြသည့်ထိုပုံစံသည်
partyပွဲတစ်ခုဆိုသည်မှာလွဲစရာအကြောင်းမရှိ။

အသက်ပြည့်ပြီးသားသူတွေသည်
အိမ်ပိုင်ရှင်၏Companyထုတ်
အကောင်းစားဝိုင်တလဲ့လဲ့ဖြင့်
အသက်မပြည့်သေးသူတွေသည်
အအေးခွက်တလဲ့လဲ့ဖြင့်
ညကောင်းကင်ရဲ့ကြယ်လေးတွေနဲ့အပြိုင်ကို
တောက်ပနေခဲ့ကြသည်။

ထိုတောက်ပမှုတွေကြားထဲမှာမှ
partyပွဲရဲ့mainဖြစ်သူသည်
အသက်15နှစ်သာရှိသေးခဲ့သူလေးဖြစ်နေသည်။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now