P_13🚬

5K 486 28
                                    

ဘယ်လောက်ပဲဆရာဝန်နဲ့ငြိလာပါစေ...
ဘယ်လောက်ပဲစိတ်တွေလွတ်ထွက်ခဲ့ပါစေ...
ပြန်တည်ငြိမ်သွားသည့်အခါJeonက
နောက်လုပ်ရမည့်အလုပ်ကိုတော့လုံးဝမမေ့...

Kim Tae Hyungဆိုတဲ့လူရှိသည့်နေရာကို
အမိုက်ရိုင်းဆုံးလူဆိုးတွေဖြင့်ဦးတည်ခဲ့သည်။

Ji Minနဲ့ရန်ဖြစ်ထားတာသိပ်မကြာသေးဘူး။
အခုဟာကJi Minကိုအနိုင်ကျင့်တဲ့ကောင်နဲ့
ထပ်ပြီးရန်ဖြစ်ရဦးမှာကိုတွေးရင်း
တစ်ချက်ထရယ်လိုက်သောအသံသည်
လှောင်ခြင်း၊ရွဲ့ခြင်းတွေအပြည့်။

ဆရာဝန်လေးနဲ့ရန်ဖြစ်တယ်
ဆိုရုံလောက်လေးပဲသူမှတ်ထားခဲ့ကာ
သူ့ဘက်ကspecialလွန်ခဲ့တာကိုတော့Jeonမမှတ်။

သာမန်အတွဲတွေလိုရန်ဖြစ်လည်းခဏ
ပြန်တွဲခွင့်ရမယ်လို့တရားသေထင်နေခဲ့သည်။

လက်တစ်ဖက်တည်းနဲ့စရီယာရင်ကိုထိန်းထားကာ
ဆေးလိပ်ကိုင်ထားသည့်လက်တစ်ဖက်က
ကားပြတင်းပေါက်ဘောင်တွေပေါ်တင်ထားခဲ့၍
နှုတ်ခမ်းထက်တွင်မဲ့ပြုံးများစွာဖန်တီးထားခဲ့သော
ဒီလူသားကသိပ်နားလည်ရခက်လွန်းခဲ့သည်။

နိုင်ငံတစ်ချို့မှာတွေ့ရတတ်တဲ့
အော်ဒိုရာအလင်းတန်းလေးလိုပဲ...

Jeonရဲ့စိတ်တွေဟာအရောင်အမျိုးမျိုးနဲ့
ဘယ်အချိန်ဘယ်လိုပုံစံနဲ့ပေါ်လာမယ်ဆိုတာကို
ခန့်မှန်းဖို့ရာမတတ်ခဲ့ဘူး။

ပေါ်ချင်ပေါ်ပျောက်ချင်ပျောက်နဲ့
သူကသိပ်ခက်လွန်းတယ်။

-------

-"Hyungဘာစားမှာလဲ"

စားသောက်ဆိုင်၏
ထောင်ကျကျဝိုင်းတွင်ထိုင်နေသည့်
ပန်းချီဆရာလေးသည်
မျက်နှာချင်းဆိုင်ကချစ်သူဖြစ်တာ
သိပ်မကြာသေးသည့်ချစ်ရသူလေးထံသို့
မီနူးစာအုပ်လေးကမ်းပေးရင်း
ပြောလာသောစကားသံလေးထဲတွင်
နူးညံ့ခြင်းများစွာပျော်ဝင်နေခဲ့သည်။

-"Joonအအေးပဲသောက်လို့မရဘူးလား"

တဖက်ကခပ်ဆူဆူလေးပြန်မေးလာသည့်အခါ
Nam Joonပါးချိုင့်ကြီးတွေပေါ်တဲ့အထိ
ပြုံးလိုက်မိသည်။

Hyungကတွဲပြီးသည့်နောက်ပိုင်း
သူ့အပေါ်ဂျီကျချင်သလိုလိုလေးဖြစ်လာသည်။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦حيث تعيش القصص. اكتشف الآن