P_17🚬

5K 457 32
                                    

ကိုယ့်အသားကိုယ်သာ
အကြိမ်ကြိမ်နည်းမျိုးစုံနဲ့
နာကျင်အောင်လုပ်ဖူးခဲ့ပေမယ့်
ကိုယ့်အသားကိုတခြားလူ
လာနာကျင်အောင်လုပ်ရင်တော့
Jeonလုံးဝမကြိုက်ပါ။

သူနာသွားတာထက်ဆယ်ဆလောက်
ပြန်နာကျင်အောင်လုပ်တတ်သည်။

တစ်ဖက်သတ်သဘောတရားတွေမှာ
ကျင်လည်လာခဲ့တဲ့သူမို့လို့
မှန်သည်မှားသည်ကိုသူမသိ။
သူသိတာက
သူ့နာကျင်အောင်လာလုပ်တဲ့သူ
ပြန်နာကျင်စေဖို့ပဲ။

Jeonသည်Taeနဲ့Clubမြေအောက်ကားပါကင်မှာ
ရန်ဖြစ်တုန်းကလည်း
သေနတ်မှန်သွားသည့်အခါ သူမနာနိုင်။
ဒေါသတွေလွှမ်းမိုးသွားကာ
ပစ်တဲ့ကောင်ရဲ့ခေါင်းတည့်တည့်ကို
baseballရိုက်တံနဲ့ရိုက်ချပစ်ခဲ့သည်။

သေနတ်ဒဏ်ရာကသိပ်မပြင်းနေပေမယ့်
Jeonရဲ့လက်ချက်မှာပစ်လိုက်သည့်ကောင်
တစ်ချက်တည်းနဲ့ခွေခနဲမို့လို့
သေသလားရှင်သလားပင်မသိခဲ့ရ။

Jeonဆိုသည်သူကသာသူများအပေါ်
မတရားလုပ်မယ် နာကျင်အောင်လုပ်မယ်။
သူ့တော့လာမလုပ်နဲ့ဆယ်ဆပြန်‌နာအောင်
လုပ်လွှတ်မည့်လူစားမျိုး။

ဤကဲ့သို့အရာတွေဖြင့်ပန်းချီကားလေးက
တစ်ဖက်သတ်ဆန်ဆန်အနက်ရောင်တွေများခဲ့၏။

သုံးခါမြောက်....
သုံးခါရှိနေပြီ။
ဒီလက်လေးတွေကသူ့ပါးကိုရိုက်ရဲနေတာ...

New Yorkမှာတုန်းကတစ်ခါ...
ဆေးရုံလိုက်ပို့ပေးဖို့သွားကြိုတဲ့နေ့ကတစ်ခါ...
အခု သုံးခါ။

မောင့်အပိုင်လေးက
မောင်ငြိမ်နေပေးမှန်းသိလို့
အရမ်းတွေရိုက်ရဲနေတာ...

မောင်ဘာမှပြန်မလုပ်ခဲ့လို့
ထပ်ရိုက်ရဲနေတာ...

မောင်ထပ်အရိုက်မခံတော့ဘူးJi Min....

ဆရာဝန်လေးရဲ့ရိုက်ချက်မှာ
မျက်လုံးတွေအရောင်ပြောင်းသွားခဲ့ကာ
ချက်ချင်းစူးရှသွားနိုင်သော
ထိုမျက်လုံးတွေသည်
မှော်အစွမ်းများရှိနေလေသလား။
ချက်ချင်းကိုရုပ်ပြောင်းရုပ်လွှဲတွေ
လုပ်ယူနိုင်လွန်းခဲ့၏။

ပါးစပ်ထဲငံကျိကျိအရသာကြောင့်
နှုတ်ခမ်းကသွေးထွက်သွားပြီမှန်းသိလိုက်ရချိန်
ရှေ့ကဆရာဝန်လေးကို
စိုက်ကြည့်လာခဲ့သောမျက်လုံးတွေသည်
စိတ္တဇ္ဇဆန်ဆန်ဖြင့်....

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now