P_23🚬

4.8K 440 19
                                    

ခန္ဓာကိုယ်နဲ့အသိစိတ်ကိုဦးနှောက်က
ဖြတ်တောက်ပစ်သည်အထိ
Jeonဘယ်လောက်တောင်များ
နာကျင်နေခဲ့လို့ပါလိမ့်။

-----------

ပုံရိပ်လေးက Jeonဆီကနေရူးမိုက်စွာ
ကြောက်လန့်တကြားထွက်ပြေးလာခဲ့ပေမဲ့...

စံအိမ်ကြီးထဲကbodyguardတွေတစ်တန်းကြီး
လိုက်တားတာကိုတောင်သူဂရုမစိုက်စွာ
ထွက်လာခဲ့ပေမဲ့.....

‌ခြံအပြင်အရောက်ပုံရိပ်လေးတွေခနဲ။
‌ခြေလှမ်းလေးတွေပါတန့်သွားကာ
အတွေးတစ်ချို့သည်ကယောက်ကယက်ဖြင့်
သူလေးခေါင်းထဲအလုအယက်ကို
တိုးဝင်လာခဲ့သည်။

ငါအမှားများလုပ်မိနေတာလား။
မမှားပါဘူး လုံးဝမမှားနေဘူး။

ဆရာဝန်ဖြစ်လျက်နဲ့
ကိုယ်ရေးကိုယ်တာတွေကြောင့်
လူနာတစ်ယောက်ကိုတောင်
လျစ်လျူရှုနေတာလား။

အဲ့လူနာကကိုယ့်အပေါ်
ဘယ်လောက်မိုက်ရိုင်းထားလဲ
ကိုယ်အသိဆုံးလေ။

သေသွားခဲ့ရင်ဘယ်လိုလုပ်မလဲ။
သူသေတော့ရောဘာဖြစ်လဲ။
ကိုယ်နဲ့မှမဆိုင်တာ...

ခုနကJung Kookတကယ်အကူအညီလိုနေခဲ့တာ..
မဟုတ်ဘူး အဲ့ဒါတမင်လှည့်စားနေတဲ့
မာယာတွေသက်သက်ပဲ...

အခုထွက်ပြေးသွားပေမဲ့
နောက်ကျပြန်မိသွားရင်ရော...

ထွက်မပြေးကြည့်သေးဘဲနဲ့
ပြန်မိသွားရင်ဆိုတဲ့စကားကိုမတွေးနဲ့ Park Ji Min

စိတ်နှစ်ခုလွန်ဆွဲနေသူသည်
Jeonပိုင်သည့်စံအိမ်ကြီးရှေ့
မလှုပ်မယှက်ကျောက်ချ၍ရပ်နေကာ
မျက်ရည်တွေတသွင်သွင်စီးကျနေခဲ့ရင်း
မသိရင်နတ်သားပန်းချီလေးအလား
နေရောင်ခြည်အောက်တလဲ့လဲ့တောက်ပနေသည်။

ဖိနပ်ပင်မပါလာခဲ့၍
နဂိုကတည်းကနီဆွေးနေသည့်
ခြေထောက်လေးသည် ပိုပိုနီရဲတက်လာသည်။

ပူနေသော်လည်းသက်ရှိ‌နတ်သားလေးသည်
ကျောက်ချလို့ကောင်းတုန်း.....

-"မောင်ကြောက်လို့ပါJi Minရယ်...
မထားခဲ့ပါနဲ့..."

စိတ်နှစ်ခွဖြစ်‌နေမှုကြား
လာထိခတ်သွားသောအသံဖျော့ဖျော့ကြောင့်
Ji Minရင်ထဲနင့်ခနဲ။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now