P_21🚬

5.2K 414 17
                                    

Jeonကတရားဝင်လက်ထက်မှုတွေဖြင့်
ချုပ်နှောင်ပစ်ခဲ့သည်ဆိုသော်
တစ်ဖက်ကTaeသည်တော့ဤသို့မဟုတ်ခဲ့။

ကိုရီးယားရဲ့အကြီးဆုံးဂိုဏ်းက
လူဆိုး‌ခေါင်းဆောင်ပင်
အလိုလိုက်ထားသူဖြစ်တာကတစ်ကြောင်း၊
မွေးရာပါဆိုးသွမ်းမှုတွေမှာ
ဘယ်သူမှလိုက်မမှီနေတာကတစ်ကြောင်းဖြင့်...

အမျိုးမျိုးသောအကြောင်းတွေမှာ
လူဆိုးလေးကPhotographerလေးကို
အခန်းတွေထဲအပီးပိုင်သော့ပိတ်ပစ်ခဲ့လိုက်သည်။

ကယ်လီဖိုးနီးယားမှာ
သတိမေ့သွားတဲ့ညကတည်းက
Kim Seok Jinဟာ
Kim Tae Hyungရဲ့လှောင်အိမ်လေးထဲ
ဘာမှမသိလိုက်ခင်ထဲကထည့်အပိတ်ခံခဲ့ရ၏။

Taeကသူ့စကားအတိုင်းပဲ
Hyungကိုရင်ခွင်တွေထဲထည့်ပိတ်ပစ်၍
သော့ကိုဖျောက်ပစ်ခဲ့လိုက်ပြီ။

ပြန်လွတ်မြောက်နိုင်ဖို့ရာ
မလွယ်လောက်ကူတော့ခြင်းတွေမှာ
‌စိတ်ရောဂါဖြစ်ခါနီးလူသားသည်
ထိုအချိန်မှစ၍သေချာကိုရူးသွပ်ခဲ့ရ၏။

-----------

နှစ်ထပ်တိုက်ကြီး၏အပေါ်ထပ်တွေမှာ
ပိတ်လှောင်ခံခဲ့ရတာ
ရက်အနည်းငယ်ရှိခဲ့ပြီဖြစ်သောသူသည်
မနက်ဘက်တွေရောညဘက်တွေပါ
အကျယ်ကြီးအော်ငိုနေတတ်ပြီး
Joonဆိုသည့်အမည်နာမတစ်ခုသည်
အိမ်ကြီးတစ်ခုလုံးပဲ့တင်ထပ်နေတတ်သည်။

အဲဒီ့ကောင်နာမည်ကိုအော်အော်ခေါ်ပြီး
ငိုနေတာကိုTaeသိပ်မကြိုက်ပေမဲ့
အခုကသူ့လက်ထဲမှာမို့လို့
ပြသာနာမရှာဘဲငြိမ်နေပေးခဲ့သည်။

Taeဘက်ကပြသာနာမရှာဘဲငြိမ်နေခဲ့သလောက်
ဓာတ်ပုံဆရာလေးဘက်ကတော့ကွဲပြားသွားစွာ
သူအလှောင်ပိတ်ခံရတဲ့အခန်းထဲ
Taeဝင်လာတိုင်း‌နာနာကျည်းကျည်းကို
တုံ့ပြန်တတ်လာသည်။

-"Hyungထမင်းစားမယ်"

-"မင်းမျက်နှာမမြင်ချင်ဘူး!!
ထွက်သွား!!!"

-"Hyungထမင်းစားမှထွက်‌သွားပေးနိုင်မယ်
မစားမချင်းတစ်လှမ်းမှမရွေ့နိုင်ဘူး"

ကုတင်ထက်‌ငြိမ်ငြိမ်‌လေးထိုင်နေခဲ့ပေမဲ့
ထမင်းဗန်းကိုင်ထားခဲ့သည့်လူကိုတွေ့လိုက်တာနဲ့
ချက်ချင်းweatherတွေမဲထွက်သွားကာ
ခေါင်းအုံးတွေစောင်တွေဖြင့်
ပစ်ပေါက်ပြီးစတင်ပေါက်ကွဲလာခဲ့သည်။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now