မင်္ဂလာပွဲကမနက်ဖြန်မို့လို့
စီးကရက်လေးစိတ်တွေလှုပ်ရှားနေပြီး
ညနက်နေပေမဲ့မအိပ်နိုင်တွေဖြစ်နေသည်။ဟိုလှိမ့်လိုက်ဒီဖက်လိုက်နဲ့မျက်လုံးတွေ
မှိတ်ထားကြည့်လည်း
ဘယ်လိုမှအိပ်မရတော့ဘူးမို့လို့
မနက်ကျမျက်ကွင်းကြီးမဲနေတော့လည်း
မိတ်ကပ်ကိုအားကိုးရမှာပဲ။
အိပ်မှမအိပ်နိုင်တာ....ထရုံပေါ့။ဘေးကသူ့ကလေးလေးကတော့
သေချာကိုအိပ်နေပြီမို့လို့
နဖူးလေးကိုခပ်ဖွဖွဖိကပ်နမ်းလိုက်ပြီး
အိပ်ရာကနေဖွဖွလေးထလိုက်ရင်း
သူ့နေရာမှာခေါင်းအုံးကိုခဏထားခဲ့၍
မသောက်တာကြာပြီဖြစ်သည့်
စီးကရက်နဲ့မီးခြစ်ယူလိုက်ပြီး
ဝရံတာဆီဦးတည်ဖို့ပြင်လိုက်သည်။သို့သော်ဝရံတာတံခါးဆွဲအဖွင့်
လေတွေသည်ဝေါခနဲ။
တံခါးအမြန်ပြန်ပိတ်လိုက်ရသည်။ဒီပုံစံနဲ့အပြင်မှာဆေးလိပ်မီးညိရင်
ကမ္ဘာသာပျက်သွားမယ်...
ဆေးလိပ်မီးကသေတောင်ညိမယ့်ပုံ
မဟုတ်တာကြောင့်
အခန်းထဲမှာတင်အရင်မီးငြိလိုက်ပြီး
မီးခြစ်ပိတ်သံကျယ်သွားတာကြောင့်
အပြင်မထွက်ခင်ကုတင်ပေါ်ကသူလေးကို
လှမ်းကြည့်လိုက်တော့
အိပ်ကောင်းနေဆဲမို့လို့တစ်ချက်ပြုံးမိသည်။အိပ်နေလည်းမောင့်အသဲလေးက
အသဲယားစရာလေး။ဘယ်လိုနေနေအသဲယားဖို့ကောင်းနေတာ
မောင့်ကလေးလေးတစ်ယောက်ပဲရှိတယ်။ဝရံတာတံခါးကိုအမြန်ဆွဲဖွင့်ပြီး
အမြန်ပြန်ပိတ်လိုက်၍
အိပ်မပျော်အောင်လုပ်နေတဲ့
စိတ်လှုပ်ရှားမှုတွေကို
စီးကရက်တွေကိုအဖော်ပြုရင်း
ဖျောက်ဖျက်ရလိမ့်ဦးမည်။ဝရံတာဘောင်ပေါ်လက်ထောက်လိုက်ပြီး
ကမ်းစပ်တစ်လျှောက်က
မင်္ဂလာပွဲအတွက်အပြင်အဆင်တွေကို
လှမ်းငေးကြည့်မိသည်။မနက်ဖြန်သူနဲ့ကလေးလေးရဲ့မင်္ဂလာပွဲတဲ့...
သူဘယ်လောက်တောင်
တမ်းတခဲ့ရတဲ့အချိန်လေးလဲ။တကယ်ရောက်လာတော့မှာမို့လို့
လက်တွေ့လိုလိုအိပ်မက်လိုလိုနဲ့
သူ့ရင်ထဲတော်တော်ပျော်နေခဲ့မိသည်။
YOU ARE READING
𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦