P_24🚬

4.5K 420 21
                                    

အချစ်ကြီးလွန်းအားကြီးခဲ့တာ....
သဝန်တိုလွန်းအားကြီးခဲ့တာ....
စိတ်တွေမူမမှန်လွန်းအားကြီးခဲ့တာ....

နဂိုကတည်းကစိတ်အခြေအနေက
ဆေးလိပ်ငွေ့လိုလွင့်ချင်တိုင်းလွင့်နေသူမို့လို့
ဒီတစ်ခေါက်ဖြစ်ရပ်မှာ
Jeonတွေးချပစ်တာတစ်ခုတည်း....

Park Ji Minကိုသူကလွဲပြီး
ဘယ်သူမှထိခွင့်၊ကိုင်ခွင့်၊ကြည့်ခွင့်တောင်
လုံးဝမရှိစေရတော့ဘူး။
ထိတဲ့ကောင်ချက်ချင်းအသေပဲ။

တစ်ချက်လွတ်အတွေးသည်
အာဏာပြင်းလွန်းခဲ့၏။

-----------

-"Jung Kookအရင်နေ့ကကိစ္စ
ငါတောင်းပန်ပါတယ်ကွာ"

-"ရတယ် ငါဘာမှမဖြစ်ပါဘူး"

စားပွဲတွင်ဝင်ထိုင်နေသူကို
ဘေးကနေရပ်လျက်နွမ်းလျလျဆိုတော့
မော့ကြည့်၍ပြုံးပြကာ
ချိုချိုသာသာလေးပြန်ပြောလာသည်။

ဒီလိုချိုသာနေပြီဆိုကတည်းကမူမမှန်နေခြင်း။
သို့သော်Hopeမရိပ်မိခဲ့။
Jung Kookနဲ့ပြန်အဆင်ပြေဖို့အရေးသာ
သူ့အရေးဖြစ်နေသည်။

-"နောက်ကျရင်ငါအပြောအဆိုဆင်ခြင်ပါ့မယ်
မင်းအကြောင်းငါအသိဆုံးဖြစ်လျက်နဲ့
ငါလူစိတ်ပျောက်ပြီးပြောမိခဲ့တာ"

-"Ho Seokငါဆံပင်အရောင်ပြောင်းမလို့"

Hopeလို့သာအမြဲခေါ်နေကျမှုမှာ
Ho Seok‌ပြောင်းသွားပြီး
မဆီမဆိုင်စကားလမ်းကြောင်း
စပြောင်းလာသည်။

ဒုတိယအကြိမ်မူမမှန်နေခြင်း...
ဒါကိုလည်းHopeမရိပ်မိခဲ့ပြန်ဘူး။

Jung Kookဆိုတဲ့ဖြစ်တည်မှုကို
Jung Ho Seokဆိုတဲ့လူသားက
မိသားစုထက်ကိုပိုချစ်ခဲ့တာ။
အရမ်းယုံကြည်ခဲ့တာ...

အပြစ်မြင်ဖူးတာဆိုလို့
ဆရာဝန်လေးကိုနှိပ်စက်တဲ့ကိစ္စတွေသာရှိခဲ့၍
တခြားအရာတွေဆိုအကုန်လိုက်ကောင်း
လိုက်ဆိုးပေးခဲ့တာချည်း။

သို့သော်အထင်မှားခြင်းအချိုးအကွေ့တစ်ခုမှာ
သူတို့နှစ်ယောက်ကြားထဲအက်ကွဲစပြုလာသည်။

Hopeလိုင်းဖောက်ထားသည့်အတိုင်း
တစ်ပုံစံတည်းအပြာရောင်လိုင်းတွေ
လိုက်ဖောက်ထားခဲ့သည့်Jeonသည်
သူငယ်ချင်းအရင်းကြီးကို
လုံးဝမျက်မုန်းကျိုးသွားခဲ့ကာ
ကြိုက်လွန်းလို့လိုက်လုပ်ခဲ့သည့်
ဆံပင်အရောင်နဲ့ပုံစံပါမတူချင်တော့သည်အထိပဲ။

𝐀 𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞 ❦Where stories live. Discover now