|| 2 ||

22.3K 2K 91
                                    

Unicode☕️

အိမ်ကိုသုတ်တီးသုတ်ပြာပြန်လာခဲ့တဲ့ ကိုကိုးတစ်ယောက်ရှက်စိတ်ကြောင့် အမေဖြစ်သူရဲ့သေချာပေးခဲ့ရဲ့လားဆိုတဲ့ အမေးစကားတွေကိုမကြားလိုက်နိုင်တော့ဘူး။ အိပ်ခန်းထဲကိုတဟုန်ထိုးပြေးဝင်သွားခဲ့ပြီး အိပ်ယာပေါ်မှာလူးလူးလိမ့်လိမ့်နှင့် ခေါင်းအုံဖြူဖြူအပေါ်မျက်နှာအပ်ပစ်လိုက်တယ်။

ကိုကိုးထင်ခဲ့တာက သွေးစုပ်ဖုတ်ကောင်မဟုတ်ခဲ့ရင်တောင် အသက်ကြီးကြီးအဖိုးကြီးတစ်ယောက်ဖြစ်နေခဲ့လိမ့်မယ်လို့​လေ။ အဲ့ဒီလိုဆိုရင်တော့ ကြက်သွန်ဖြူအနံ့ဟာလည်း ဘာမှရေးကြီးခွင်ကျယ်ကိစ္စတစ်ရပ်မဟုတ်တော့။အခုတော့ သက်လတ်ပိုင်းအရွယ် ခန့်ခန့်ချောချောလူတစ်ယောက်က သူ့ကိုခံတွင်းနံ့နှင့်ပတ်သက်​ပြီးတခုတ်တရ ပြောဆိုလာတာက ရှက်ဖို့ကောင်းလွန်းတယ်။

အား.....သူတော့အငွေ့ပျံသွားချင်တော့တာပဲ။

"သွေးစုပ်ဖုတ်ကောင်နဲ့တွေ့ခဲ့လို့လား ကိုကိုး"

ညီညီ့ရဲ့စနောက်သံက အခန်းတံခါးဝကိုဖြတ်ကျော်ပြီးတော့ ကိုကိုးအိပ်ယာအနားအထိရောက်လာတယ်။ညီညီအခန်းထဲဝင်လာတာ ဖြစ်လိမ့်မယ်။ခေါင်းအုံးကြားထဲမျက်နှာအပ်ထားတဲ့ ကိုကိုးရဲ့အသံဗလုံးဗထွေးက စီခနဲထွက်လာတယ်။

"ညီညီ အဲ့အကြောင်းကိုထပ်မပြောတော့နဲ့"

"အဟားဟား နောက်ဆိုသဘာဝလွန်ရုပ်ရှင်တွေကြည့်တာ လျှော့ပြီးရင့်ကျက်စမ်းပါတော့ နောက်နှစ်ရက်ဆိုပဲဆယ့်ရှစ်နှစ်ပြည့်ပြီ"

နောက်နှစ်ရက်ဆို ဆယ့်ရှစ်နှစ်ပြည့်တော့မယ့်ကိုကိုးက တစ်အိမ်လုံးရဲ့အငယ်ဆုံးကလေးလိုဖြစ်နေခဲ့တာကလည်း မိဘ​တွေရဲ့အပြစ်ကြောင့်လည်းပါပါတယ်။ ကိုကိုးမှာ သက်တူရွယ်တူအပေါင်းအသင်းများမရှိခဲ့တာက စရမှာပဲ။ ကိုကိုးအ​မေကစည်းကမ်းခပ်ကြပ်ကြပ်ရယ်။ ကိုကိုးအ​မေမှာမောင်တစ်ယောက်ရှိခဲ့ဖူးတယ်။ ကိုကိုးရဲ့ဦးလေးငယ်ပေါ့။ ဒီဦးလေးငယ်ကငယ်ငယ်ရွယ်ရွယ်နှင့် အတတ်ပေါင်းစုံတတ်သလို မူးယစ်ဆေးလည်းသုံးတတ်စွဲတတ်သူတစ်ယောက်ပါ။ အပေါင်းအသင်းကလည်းမှားပြန်သေးတော့ နောက်ဆုံးအသက်နှစ်ဆယ်ကျော်လောက်မှာ ရန်ပွဲတစ်ခု​ကြောင့် အသက်ပါပေးလိုက်ရတယ်။

Kōhī {Complete }Where stories live. Discover now