Unicode🦊
[Song recommend-The Shade by Rex Orange County]
နေ့လည်ခင်းထမင်းစားချိန်မတိုင်ခင်မှာ နုဝါသက်ကနှစ်ချုပ်စာရင်းစာအုပ်နှင့် လေးလွှာကိုတက်လာပါတယ်။အကောက်ခွန်ကိစ္စများအတွက်လည်း သူဋ္ဌေးဖြစ်သူစိုင်းကိုအစီအရင်ခံစရာတွေရှိသေးတယ်။သူရုံးခန်းထဲမဝင်ခင် သူမကအရင်ဆုံးညီညီ့စားပွဲနား ကပ်လာလိုက်သေးတယ်။ကြည့်ရသလောက်တော့ နုဝါသက်ကတစ်ရုံးလုံးနှင့်မတည့်ပေမယ့် ညီညီနှင့်တော့ဆန်စေးကိတ်လိုအစေးကပ်နေပါတယ်။
စားပွဲနားကပ်လို့လာပြောတဲ့စကားကလည်း နေ့လည်ထမင်းစားချိန်ရောက်ရင် ပထမထပ်ကကန်တင်းကို အတူတူသွားကြဖို့ ညီညီ့ကိုအဖော်လာညှိခြင်းသာဖြစ်တယ်။Sales and marketingဋ္ဌာနက လူတွေနှင့်လည်းသိပ်မတည့်ကြောင်း၊Accountantဘက်ကလူတွေနှင့်လည်းခပ်တန်းတန်းဖြစ်နေကြောင်း၊warehousing(ကုန်လှောင်ရုံ)နှင့်inventory(ကုန်စာရင်း)ဘက်မှလူတွေကလည်း သူမကိုနောက်ကွယ်တွင်အတင်းတုပ်ကြောင်း စသဖြင့်အစရှိတဲ့ ကိစ္စများကိုတော့မနေ့တည်းကညီညီ့ကိုရင်ဖွင့်ပြောပြီးသွားပြီ ဖြစ်တာကြောင့် သူလည်းလူချစ်လူခင်များလွန်းတဲ့ ဒီအစ်မကြီးနှင့်အဖော်လုပ်ပေးဖို့သာရှိတော့တယ်။
စိုင်းကစာရင်းစာရွက်တွေကိုသေချာတစ်ရွက်ချင်း လှန်ကြည့်ပြီးလက်မှတ်ထိုးသင့်တာကိုထိုးတယ်။စိတ်ထဲသဘောမတွေ့ရင် နုဝါသက်ကိုသက်ဆိုင်ရာဋ္ဌာနကို ပြန်ပြင်ခိုင်းဖို့ပြောတယ်။လက်မှတ်တစ်ချက်ထိုးတိုင်းမှာ ထင်းလင်းနေတဲ့လက်ချောင်းတွေပေါ်က တက်တူးများကငယ်ရွယ်စဉ်မှာလွတ်လပ်ခဲ့မှုရဲ့ပြယုဂ်တွေပါပဲ။
"ဒီတစ်ခေါက်licencesကိစ္စတွေအတွက် အကောက်ခွန်ဋ္ဌာနကို နင်မသွားနဲ့တော့ နုဝါသက်။documentationsက ကိုမင်းသူကိုပဲသွားခိုင်းလိုက်။တကယ်ဆို ဒီcustomsကိစ္စတွေဆိုတာ documentationsကလူကိုပဲလုပ်ခိုင်းရမှာ။ဘယ့်နှယ် အကုန်နင်ချည်းလုပ်နေတော့ ငါကသူတို့ကိုအလကားလစာ ထိုင်ပေးထားရသလိုပဲ"
စိုင်းကအလုပ်နှင့်ပတ်သက်ရင်တော့ ဆူတာအော်တာ အရမ်းကြမ်းပါတယ်။မထင်ရင်မထင်သလို အော်တတ်ပြီးတော့ စေ့စေ့စပ်စပ်လည်းရှိတာကြောင့် ကုမ္ပဏီတစ်ခုလုံးကစိုင်းကိုဖိန့်ဖိန့်တုန်အောင်ကြောက်ရပါတယ်။သူ့ကိုမကြောက်တာဆိုလို့ အသစ်ဝင်လာတဲ့ ကျေးဇူးရှင်အတွင်းရေးမှူးတစ်ယောက်ကသာ မလေးမစားဖြစ်နေတာ။ဒါကလည်းဟိုးအရင်နှစ်တွေမှာ စိုင်းဆိုင်ကယ်တစ်စီးနှင့် အပေအတေလုပ်၊မိဘပိုက်ဆံထိုင်ဖြုန်းနေတည်းက သိခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ဘုနဲ့ဘောက်ဆက်ဆံရေးကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
YOU ARE READING
Kōhī {Complete }
RomanceKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.