|| 13 ||

16.7K 1.8K 192
                                        

Unicode☕️

"သားရှိတယ်လို့ပဲပြောမိတာပါ နုနုရယ်။သားတစ်ယောက်တည်း ရှိတယ်လို့တော့ ကျုပ်မပြောမိပေါင်အေ"

အန်တီမေစီရဲ့အသံဝါဝါကျယ်ကျယ်ကြီးကို အိပ်ခန်းထဲနေတောင်ကိုကိုး ကြားနေရတယ်။ကိုကိုးကဉာဏ်အရမ်းကောင်းတဲ့ကောင်လေး မဟုတ်ပေမယ့်လည်း ဒါကသေချာပေါက်ကို သူ့အကြွေးရှင်ရဲ့မိသားစုကိစ္စကိုပြောနေမှန်း ခန့်မှန်းနိုင်တယိ။အဲ့ဒီခြောက်ထောင့်ခုနှစ်ရာ့ငါးဆယ်ကိုလည်း ကိုကိုးကတကယ်ပြန်ဆပ်ချင်စိတ်ရှိတာ ကျိန်ရဲပါရဲ့။လတွေကြာပြီးတာတောင် သူအဲ့ဒီအကြွေးကိုမှတ်မိနေဆဲ။

ဒါပေမယ့် သူတကယ်ကိုပေးဖို့အခွင့်အရေးမကြုံကြိုက်ခဲ့တာပါ။အဖေ့ကားနှင့် အပြင်လျှောက်ပတ်ခဲ့တုန်းကတော့ မြို့အစွန်နားကစံရိပ်ငြိမ်အိမ်ကြီးကိုတွေ့ခဲ့ပေမယ့် သူဘယ်လိုလုပ်ဝင်ပေးဖို့အဆင်ပြေမှာလဲ။အိမ်ထဲဝင်၊ စိုင်းဘုန်းလင်းစက်ကိုရှာ၊ ရော့အင့်ခြောက်ထောင့်ခုနှစ်ရာဆိုပြီး ပေးရအောင် အဲ့ဒီအစ်ကိုကအိမ်မှာအမြဲရှိချင်မှရှိနေမှာလေ။

"နုနုသားလေးနဲ့ဆိုအဆင်ပြေမှာ အစ်မအာမခံတယ်"

နုနုသားလေးဆိုတော့ ညီညီ့အကြောင်းမဟုတ်ရင်သူ့အကြောင်းပေါ့။အိပ်ယာပေါ်က ကိုကိုးရဲ့ခေါင်းလေးက ဆတ်ခနဲထောင်လာတယ်။ကုတင်အောက်ကိုပါခြေထောက်တွေချလိုက်ပြီး တံခါးရွက်နားကို နားကပ်လိုက်တယ်။ခိုးနားထောင်တာတော့မဟုတ်ပေမယ့် သူ့အကြောင်းပြောနေတာဆိုရင်တော့ ကာယကံရှင်တစ်ယောက်အနေနှင့်သူလည်း သိသင့်တယ်မဟုတ်လား။

"နုနုသားလေးရဲ့ ပန်းချီအရည်အချင်းကိုလည်းအစ်မတွေ့ဖူးသားပဲ။အဲ့ဒီလောက်ဆိုရင်ကို ရပါပြီ။ဟိုကလေးမလေးက ဆရာဆိုတာထက် အတူတူဆော့ဖော်ဆော့ဖက်လိုအဖော်လိုချင်တာ"

အန်တီမေစီက တစ်ခါကိုကိုးရဲ့ဧည့်ခန်းစားပွဲပေါ်တင်ထားတဲ့ sketch bookကိုယူကြည့်ဖူးတာ ကိုကိုးမှတ်မိတယ်။အဲ့ဒီတုန်းကသူ့ခဲပန်းချီတွေနှင့်ပတ်သက်ပြီး တော်တော်လေးချီးကျူးခဲ့ပါသေးတယ်။ ကလေးမလေးဆိုတာကရော ဘယ်သူလဲ။သူ့ပုံဆွဲစွမ်းရည်တွေနှင့် ဘာဆိုင်လို့တုန်း။ကိုကိုး သူ့မေးစေ့သူပွတ်ရင်းစဉ်းစားတယ်။ကိစ္စတွေဟာနက်နဲလာပြီ။

Kōhī {Complete }Where stories live. Discover now