Unicode☕️
ရက်အနည်းငယ်ကြာပြီးတော့ ကိုကိုးကျောင်းပြန်တက်ရပါပြီ။ကျောင်းအတွက်လိုအပ်တဲ့အရာအကုန်လုံးကိုလည်း လင်းဟန်သာကအတူတူလိုက်ဝယ်ပေးခဲ့လို့ ကိုကိုးအိမ်ကလင်းဟန်သာအပေါ် အတော်လေးအားနာနေကြတယ်။ကိုကိုး သွားအကြောထုတ်ပြီးဖာခဲ့တုန်းကလည်း လင်းဟန်သာကသာ အကုန်အကျခံခဲ့တာဖြစ်လို့ ကိုကိုးအိမ်ကကျသင့်ငွေတွေကို ပြန်ပေးချင်ခဲ့ပေမယ့် ငွေအကြောင်းပြောရင်းတစ်ဖက်လူကိုမယဉ်ကျေးရာရောက်မှာကိုစိုးပြီး အဲဒီကိစ္စကိုဘယ်လိုထုတ်ပြောရမှန်းမသိခဲ့ကြ။
ဒါပေမယ့်လင်းဟန်သာက ကိုကိုးတို့အမေကိုအဲဒီကိစ္စတွေနှင့်ပတ်သက်ပြီးတော ဘာကိုမှဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ ပညာရှိဆန်ဆန်စကားလမ်းကြောင်းခဲ့တာကြောင့် ကုန်ကျစရိတ်တွေအားလုံးနှင့်ပတ်သက်ပြီး ကိုကိုးတို့အိမ်လည်း အသက်ရှူချောင်ရတယ်။
ကျောင်းပြန်တက်ရပြီးနောက်ပိုင်း ကိုကိုးအတွက်တော့ သူ့ရဲ့ဒေါက်တာနှင့်တွေ့ရချိန် နည်းပါးသွားသလိုပါပဲ။တစ်ခါတစ်ရံလင်းဟန်သာဆေးရုံပြန်ချိန်နှင့် ကိုကိုးရဲ့ကျောင်းပြန်ချိန်တို့တိုက်ဆိုင်တဲ့နေ့များဆိုရင်တော့ လင်းဟန်သာကကိုကိုးကိုဝင်ကြိုတတ်ပါတယ်။ကိုကိုးရဲ့ကျောင်းကတစ်နေ့တာတွေကိုလည်းကားပေါ်ကနေ အိမ်ကိုပြန်တဲ့လမ်းတစ်လျှောက်လုံးမညီးမညူနားထောင်ပေးပြီးတော့ ကိုကိုးကိုသူငယ်ချင်းအသစ်တွေနှင့်လည်းသဟဇာတဖြစ်ဖြစ်နေစေဖို့ ကြုံရင်ကြုံတိုင်း ဆုံးမတတ်သေးတယ်။ဒါကသားအဖဆက်ဆံရေးကို ကူးပြောင်းသွားတတ်တဲ့ သမီးရည်းစားဆက်ဆံရေးနှင့် တူနေပေမယ့်လည်း ကိုကိုးကတော့သဘောကျတယ်။
ဘယ်လိုဆိုဆို ရွယ်တူတွေနှင့်ဆိုရင်introvertနည်းနည်းဆန်သွားတတ်တဲ့ ကိုကိုးကတော့ကျောင်းမှာမေးထူးခေါ်ပြောသာသာ သူငယ်ချင်းနည်းနည်းကလွဲပြီး တရင်းတနှီးပေါင်းသင်းရမယ့်သူငယ်ချင်းရယ်လို့ မရှိလာသေးဘူး။ အဲ့ဒီလိုကလည်း ကိုကိုးအတွက်အဆင်ပြေပါတယ်။မိတ်ဆွေများရင် စိတ်ရှုပ်မှုတွေကလည်းများလာတတ်တယ်။ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာချစ်သူရှိသေးတာပဲမဟုတ်လား။လူတွေအများကြီးမလိုအပ်တော့ဘူး။

YOU ARE READING
Kōhī {Complete }
RomanceKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.