Unicode☕️
အချိုသရေစာတွေဟာ နိဗ္ဗာန်ပါလို့ဘယ်သူကများ ပြောလေသလဲ။တစ်ခါတစ်လေမှာ ဒီအရာတွေကဓားသွားထက်က ပျားရည်စက်တွေလိုပဲ မဟုတ်လား။အထူးသဖြင့်ကိုကိုးအတွက်တော့ ပျားရည်အိုးအောက်ခြေမှာဝှက်ထားတဲ့ ဓားဦးချွန်တစ်ခုလိုပဲ။ပျားရည်ကုန်ခါနီးလေ ဓားဦးချွန်ကနီးလာလေနှင့် နောက်ဆုံးတော့အချိုသရေစာကြိုက်လွန်းသူကိုကိုးက အဲဒီဓားဦးချွန်နှင့်တွေ့ဆုံခဲ့ပြီးထိခိုက်မှုတစ်ချို့ဖြစ်ခဲ့ပါတော့တယ်။
အဲ့ဒါက ကိုကိုးကျောင်းပြန်မတက်ခင်ရက်နည်းနည်းအလို၊ လင်းဟန်သာရဲ့မွေးနေ့ရောက်ဖို့တစ်ပတ်အလိုမှာဖြစ်ခဲ့တယ်။ကိုကိုးကလင်းဟန်သာရဲ့အိမ်မှာပဲ နေ့လည်ခင်းအချိန်တွေကို ကုန်ဆုံးနေခဲ့ပြီးတော့ ဒီနေ့မှာကိုကိုးက သကြားအုပ်ထားတဲ့ သစ်သီးတုတ်ထိုးချိုချဉ်တွေကို အပီအပြင်စားသောက်နေရင်း သူ့ရဲ့သွားဆီကတဆစ်ဆစ်ဖြစ်လာတဲ့ ခံစားချက်တို့ကိုတော့ကောင်းကောင်းကြီး လျစ်လျူရှုထားခဲ့ပါတယ်။
လင်းဟန်သာရဲ့လက်ရာဖြစ်တဲ့ ကြိုပြီးသားသကြားရည်အုပ် မာကြွပ်ကြွပ်သစ်သီးတုတ်ထိုးတွေကို ကိုကိုးကတဂျွပ်ဂျွပ်နှင့် ကိုက်ခဲနေတုန်း ပထမတစ်ချက်၊ဒုတိယတစ်ချက်၊တတိယမြောက်အချက်ပြီးနောက်ထပ် စတုတ္ထမြောက်မှာ ဂျွပ်ခနဲမြည်သံနှင့်အတူ ကိုကိုးရဲ့သွားအပဲ့လေးတစ်ခုကလည်း ဂွပ်ခနဲမြည်အောင်ပြုတ်ကျလာတယ်။
"အာ့"
"ထည်ဝါကိုကို"
လင်းဟန်သာကဆေးဖက်ဆိုင်ရာဆောင်းပါးဂျာနယ်တစ်ခုကို ဖတ်နေရင်း ကိုကိုးကိုမျက်မှန်အောက်က မျက်ဝန်းညိုညိုများနှင့် စူးစိုက်ကြည့်ပြီးနာမည်အပြည့်အစုံကို ခေါ်လိုက်ပါတယ်။စားပွဲရဲ့မျက်နှာချင်းဆိုင်အနေအထားမှာ သူကလည်းကိုကိုးရဲ့လက်ထဲကိုကျလာတဲ့ သွားအပိုင်းအစလေးကို တွေ့လိုက်ရလို့ပဲ။
"ဒေါက်တာ"
ကိုကိုးရဲ့မျက်နှာက ဇီးရွက်ကလေးလို သေးငယ်သွားပြီးသူကတစ်ဖက်လူကို မျက်နှာငယ်လေးနှင့်ပြန်ကြည့်လိုက်ပါတယ်။ရက်ပိုင်းလောက်လျစ်လျူရှုထားခဲ့တဲ့ သွားနာကျင်မှုကအခုတော့ဇာတိပြလာခဲ့ပြီ။ပဲ့ထွက်လာတဲ့သွားအပိုင်းအစလေးက သေးငယ်ပေမယ့်လည်း မျက်မှန်အောက်ကလင်းဟန်သာရဲ့ မျက်ဝန်းညိုတွေဆီကနေတော့လွတ်မြောက်ခြင်းမရှိခဲ့ပါ။

YOU ARE READING
Kōhī {Complete }
RomanceKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.