Unicode🦊
ညီညီ့အခန်းက ဒိုဘီအိမ်ကမီးပူတိုက်တဲ့နေရာလို အဝတ်တွေဟာတောင်ပုံယာပုံ။တလောလေးကရထားတဲ့လစာထဲကနေ ဝယ်ထားတဲ့ကိုယ်လုံးပေါ်မှန်ကညီညီ့စာရေးစားပွဲရဲ့ဘေးမှာ ထီးထီးမားမားရှိနေပြီး ကိုယ်လုံးပေါ်မှန်ရဲ့ရှေ့မှာတော့ တစ်စုံပြီးတစ်စုံလဲလို့မပြီးနိုင်တဲ့ဝတ်စုံတွေနှင့်အတူ ညီညီရပ်နေတယ်။ကုမ္ပဏီမှာမလုပ်ဘဲ ဟိုတယ်တစ်ခုမှာလုပ်မယ့် စားပွဲအတွက်အဝတ်အစားရွေးတဲ့နေရာမှာသူအတော်လေး အကြပ်ရိုက်နေပါတယ်။သူ့မှာရှိတဲ့အဝတ်တွေကနူးညံ့တဲ့ အညိုဖျော့နံ့သာရောင်တွေများနေပြီးတော့ အဲ့ဒါတွေကညစာပါတီအတွက် သင့်လျော်တယ်လို့သူတော့မထင်ဘူး။
နောက်တော့သူ့ဆီမှာတစ်စုံတည်းရှိတဲ့ နီညိုရောင်ပိုးသားလက်ရှည်ကို ရှာတွေ့ခဲ့ပါတယ်။အဲ့ဒါကိုဗီဒိုအောက်ဆုံးထဲမှာ အချိန်တော်တော်ကြာအောင် သူထိုးထည့်ထားခဲ့တာ။အရောင်ကအရမ်းရင့်လွန်းနေလို့ သူ့အကြိုက်မဟုတ်ပေမယ့် အဲ့ဒါကကိုကိုးဝယ်ပို့ပေးလိုက်တဲ့ အဝတ်အစားတွေနှင့်အတူပါလာခဲ့လို့ သူသိမ်းထားမိပါတယ်။ အခုတော့အချိန်မှန်ပြန်တွေ့တာပါပဲ။အရောင်ကိုသူမကြိုက်ပေမယ့် ညစာပါတီအတွက်အသင့်တော်ဆုံးဖြစ်နေတာကိုတော့ သူလက်ခံရမယ်။အဲ့ဒီအပြင် အီတလီပိုးသားကသူ့ခန္ဓာကိုယ်ပေါ်မှာ ရေစက်လေးလိုပဲအေးစက်ပြီးတော့ ယားယံတာမရှိဘဲပျော့ပျော့အိအိနှင့် ဝတ်ရသိပ်ကောင်းတယ်။
အရောင်တွေကိုထည့်မတွက်နှင့်တော့။ဒီအင်္ကျီကအပြည့်စုံဆုံးနှင့် အလိုက်ဖက်ဆုံးပဲ။ဒါကိုသူ့မှာရှိတဲ့စတိုင်လ်ပန့်အနက်နှင့် တွဲဝတ်လိုက်ရင်တော့တကယ်ကို အပြည့်စုံဆုံးဖြစ်လောက်တယ်။
ဝတ်စုံပြည့်ဝတ်ပြီးတော့ ညီညီမှန်ရှေ့ပြန်လျှောက်သွားလိုက်တယ်။နီညိုရောင်ပိုးသားလက်ရှည်က အထက်တန်းကျတဲ့ဒီဇိုင်နာချုပ်နှင့် ဆင်တူတယ်။လည်ယှက်ကလေးကမဆိုသလောက် ခပ်ဟဟဖြစ်နေပြီးတော့ သူ့ရဲ့ဖြူဥဥရင်ဘတ်ကိုအနည်းငယ်ပေါ်လွင်စေတယ်။အနက်ရောင်နှင့် နီညိုရောင်ရဲ့တွဲစပ်မှုကမထင်မှတ်လောက်အောင် ထည်ဝါညီညီ့ကို ထည်ထည်ဝါဝါဖြစ်စေပါတယ်။ဖြူနုတဲ့အသားအရေ၊အချိုးအဆစ်ကျတဲ့ခန္ဓာကိုယ်နှင့် ခြေတံရှည်တို့က သူ့ကိုrunway modelတစ်ယောက်နှင့်အလားသဏ္ဍာန် တူစေတယ်။ညွှန်းဆိုရရင် လုံးဝPerfect၊ ပြည့်စုံသောပါပဲ။သူတော့ ဒီဝတ်စုံကိုပဲရွေးလိုက်ပြီ။

ESTÁS LEYENDO
Kōhī {Complete }
RomanceKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.