Unicode☕️
ကိုကိုးရဲ့မျက်နှာလေးက ဘဲမွှေးခေါင်းအုံးအိအိရဲ့အထိအတွေ့ကြောင့် အလွန်သက်တောင့်သက်သာရှိနေသလို ခေါင်းအုံးနှင့်ပါးပြင်ကို ပွတ်သပ်နေရင်း နိုးတစ်ဝက်အိပ်တစ်ဝက်အခြေအနေဖြစ်နေခဲ့ပြီး မျက်လုံးတို့ကတော့လုံးလုံးမပွင့်သေးပါ။
ဒီအချိန်မှာသူ့ရဲ့နှာခေါင်းထဲကို တိုးဝင်လာတာက ကော်ဖီနံ့သင်းသင်းနှင့်ကြွပ်ရွနေတဲ့ပေါင်မုန့်မီးကင်နံ့ပဲ။လုံးလုံးမနိုးသေးတဲ့ ကိုကိုးက သူ့နှာခေါင်းကိုရှုံ့ချည်ပွချည်လုပ်ရင်း အနံ့ခံကြည့်တယ်။ခန္ဓာကိုယ်ကိုတစ်ပတ်လှိမ့်လိုက်ပေမယ့် ပြုတ်မကျသွားတာကြောင့် ဒါကသူ့အိမ်မဟုတ်ဘူးဆိုတဲ့ အသိစိတ်နှင့်ကိုကိုးရဲ့မျက်လုံးတွေဆတ်ခနဲပြူးလာပြီး ငုတ်တုတ်ထထိုင်လိုက်တော့တယ်။
သေချာတာပေါ့။ဒါညီညီနှင့် မျှသုံးနေရတဲ့ သူ့အခန်းကျဉ်းလေးဟုတ်မနေခဲ့ဘူး။ဒါ လင်းဟန်သာရဲ့အိပ်ခန်း၊လင်းဟန်သာရဲ့ကုတင်ပေါ်မှာ သူကလင်းဟန်သာရဲ့ဆယ့်ခုနှစ်နှစ်အရွယ်ကညအိပ်ဝတ်စုံကို ဝတ်ထားပြီး အိပ်နေခဲ့တာ။
အဲ့ဒီနောက် မနေ့ညကမှတ်ဉာဏ်တွေက သူ့ခေါင်းထဲကိုရုပ်ရှင်အနှေးပြကွက်တွေလိုမျိုး တရစ်ချင်းစုဝင်လာခဲ့ကြလို့ ကိုကိုးက သူရဲ့ပွရှုပ်နေတဲ့ဆံပင်တွေကိုထိုးဖွလိုက်ရင်း သတိကပ်ပြီးအံ့အားတသင့် အထိတ်တလန့်ရေရွတ်လိုက်ပါတယ်။
"Oh....my.....god"
ပထမဆုံးအနေနှင့်ရင်ထဲတိုးဝင်လာတဲ့ခံစားချက်က ပျော်ရွှင်မှု၊မထင်မှတ်ထားတဲ့အံ့အားသင့်မှုနှင့်တကယ်ရော ဟုတ်ပါရဲ့လားဆိုတဲ့ ယုံမှားသံသယဖြစ်မှုတို့ပါ။ သူ့ဦးခေါင်းနှင့်ရင်ဘတ်ကတစ်ချိန်တည်း အလုပ်လုပ်နေရတာကြောင့် သူ့ရဲ့နာ့ဗ်ကြောလေးများကတောင်စိတ်ခံစားမှု တစ်ခုချင်းစီအလိုက် သိပ်ကိုရှုပ်ထွေးအလုပ်များနေလောက်တယ်။
အိပ်ယာခင်းကတွန့်ကြေခြင်းမရှိ ပြန့်ပြူးနေသလို ကိုကိုးခန္ဓာကိုယ်ပေါ်ကအဝတ်အစားဟာလည်း အဲဒီအတိုင်းပဲ။ဘယ်ရီသီးနီနီတစ်လုံးလိုကိုကိုးမျက်နှာတွေ ရဲတက်သွားရတာက သူ့ဝတ်စုံတွေကိုလင်းဟန်သာလဲပေးခဲ့တယ် ဆိုတဲ့အသိကြောင့်ပါ။နှာခေါင်းထဲကို ကော်ဖီရနံ့ကလည်း တမြေ့မြေ့တိုးဝင်ဆဲဖြစ်တာကြောင့် သူကုတင်ပေါ်ကနေအသာအယာဆင်းလိုက်ပြီး အိပ်ခန်းထဲကထွက်လာကာ လှေကားထစ်တွေကိုဖြတ်ကျော်လျက် ခြေလှမ်းတွေက ရင်းနှီးနေတဲ့ နောက်ဖေးထမင်းစားခန်းဆီကို ဦးတည်လိုက်တယ်။
STAI LEGGENDO
Kōhī {Complete }
Storie d'amoreKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.