Unicode☕️
Biburyတွင်ရှိသည့်ကိုကိုးနှင့်လင်းဟန်သာ၏နေ့ရက်များသို့ထပ်မံ၀င်ရောက်လာသော လူပုဂ္ဂိုလ်လေးမှာ မျက်လုံးစိမ်းစိမ်း အနီရောင်ဆံပင်နှင့် မှဲ့ခြောက်လေးများပြည့်နေသည့် မျက်နှာသေးသေးလေးပိုင်ရှင်ဖြစ်သည်။
စစချင်းမှာတော့လင်းဟန်သာက ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ရန် မလွယ်ကူပါဆိုသည့်အကြောင်းအရင်းနှင့် ကိုကိုး၏ကလေးအပြီးတိုင်မွေးစားမည့်ကိစ္စကို သိပ်ပူးပေါင်းပါ၀င်လိုဟန်မရှိပေမယ့် ကလေးအမေရဲ့မြေချတဲ့နေ့မှာ ကိုကိုးချီပိုးပေးထားတဲ့ ကလေးလေးရဲ့မျက်နှာပေါ်က မှဲ့ခြောက်လေးတွေကိုတွေ့တော့ စိတ်ပြောင်းသွားပုံရပါသည်။
ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ပေးတဲ့နေရာမှာ ငွေရေးကြေးရေးကလင်းဟန်သာကို တွန့်ဆုတ်စေမျိုးမဟုတ်ဘဲ ဒီကလေးအပေါ် ဖခင်တာ၀န်အပြည့်ကျေပွန်နိုင်ပါ့မလားနှင့် အဖေနှစ်ယောက်ရှိနေမည့်ကလေးက အသက်အရွယ်ကြီးလာတာနှင့်အမျှ ထိုကိစ္စအပေါ်မေးခွန်းထုတ်မကျေမနပ်ဖြစ်လာမည်ကိုသာတွေးပူရင်း လင်းဟန်သာကတွန့်ဆုတ်ရခြင်းဖြစ်သည်။
အမြဲတစေယုံကြည်ချက်ရှိတတ်သည့်လင်းဟန်သာက ကလေးသေးသေးလေးနှင့်ပတ်သက်၍တော့ အနည်းငယ်မချင့်မရဲဖြစ်လာပါသည်။ အမွေစားအမွေခံစာချုပ်တွင် လက်မှတ်ထိုးကြသည့်နေ့မှာ သူ့လက်ညှိုးကိုတင်းတင်းဆုပ်ထားသည့် ကိုကိုးချီထားသောလက်ဖဝါးသေးသေးလေးများပိုင်ရှင်ကိုကြည့်ရင်း လင်းဟန်သာမှာ အတွေးတွေအများကြီးများရသည်။
"ဒေါက်တာက Opheliaကို သဘောမကျဘူးလား"
ညဘက်ကုတင်ပေါ်တွင် အိပ်ယာ၀င်ခါနီးကိုကိုးကမေးတော့ ဒေါက်တာကခေါင်းကိုယမ်းပြသည်။
"ကိုယ်တွေးနေတာတွေအများကြီးရှိလို့ပါ"
"ပြောပြလေ"
ကိုကိုးကဒေါက်တာ့ကိုခွလုံးတစ်လုံးလို ဖက်၍ခွလိုက်သည်။ နွေဦးပေါက်စပြုနေပေမယ့် ဆောင်းရာသီအအေးဓာတ်က လုံးလုံးလွင့်မသွားတဲ့အခါ Cirencesterမြို့မှကိုကိုးကလည်း မီးလင်းဖိုရဲ့အနွေးဓာတ်ထက် ကိုယ်ငွေ့ကိုသာပိုယူတတ်သည်။
CZYTASZ
Kōhī {Complete }
RomansKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.