||24||

19K 1.7K 155
                                        

Unicode☕️

စားသောက်ဆိုင်ကနေ ကိုကိုးတို့အိမ်ကိုညခုနှစ်နာရီစွန်းစွန်းမှာ ပြန်ရောက်တယ်။ ကိုကိုးအိမ်ရောက်ပြီး ရှစ်နာရီလေးဆယ့်ငါးမှာတော့ လင်းဟန်သာကကိုကိုးတို့အိမ်တံခါးကို ထပ်လာခေါက်ပြန်ပါတယ်။

အဲဒီအချိန်တုန်းက ကိုကိုးကမိသားစုနှင့်အတူဧည့်ခန်းထဲမှာထိုင်နေခဲ့ပြီးတော့ အမေနှင့်ညီညီ့ကိုသွားခဲ့တဲ့စားသောက်ဆိုင်အကြောင်းပြောပြရင်း နောက်ထပ်တစ်ခေါက်ထပ်သွားကြဖို့ကိုပါ မဲဆွယ်နေခဲ့တာပါ။စာနယ်ဇင်းတစ်စောင်နှင့် တံခါးနှင့်အနီးဆုံးကုလားထိုင်မှာ ထိုင်နေတဲ့ကိုကိုးတို့အဖေက တံခါးခေါက်သံကိုဦးဆုံးကြားမိတော့ ထိုင်ရာကထပြီး တံခါးကိုဆွဲဖွင့်လိုက်တယ်။

ကိုကိုးအဖေကလင်းဟန်သာနှင့်စကားများများများစားမပြောဖူးပေမယ့် မျက်မှန်းတန်းမိသလိုတစ်ခေါက်၊နှစ်ခေါက်လောက် မနက်ခင်းပိုင်းတွေမှာကြုံမိတိုင်း နှုတ်ဆက်ဖူးပါတယ်။ ဒါကြောင့်သူက တစ်ဖက်လူကိုရည်ရည်မွန်မွန်ပြုံးပြလိုက်ပြီး ကိုကိုးကိုလှမ်းခေါ်လိုက်တယ်။တခြားမဟုတ်ရင်တောင် လင်းဟန်သာနှင့်အနီးစပ်ဆုံးက ကိုကိုးဆိုတာကို တစ်အိမ်လုံးကသိကြတယ်။

ကိုကိုးက တံခါးနားကို လျင်လျင်မြန်မြန်ရောက်လာတယ်။လွန်ခဲ့တဲ့တစ်နာရီကျော်လေးကမှ တွေ့ခဲ့ပြီးတဲ့လူကို အချိန်ဘယ်လောက်မှမခြားဘဲအိမ်ရှေ့မှာထပ်တွေ့လိုက်ရတော့ ကိုကိုးကအတော်လေးအံ့သြသွားသလို ပျော်ရွှင်မှုကြောင့်ဖြစ်လာတဲ့ သူ့ရဲ့မျက်နှာဖြီးဖြီးကိုလည်း ဘယ်လိုမှဖုံးကွယ်ထားလို့မရ။

လင်းဟန်သာရဲ့မျက်နှာအနေအထားကတော့ ကိုကိုးနှင့်ဆန့်ကျင်ဘက်ပါပဲ။ မြင်နေကျပုံစံအတိုင်းမထူးမခြား တုံဏှိဘာဝေတည်တံ့မြဲ။

"ဘာကိစ္စရှိလို့လဲ ဒေါက်တာ။ ကိုကိုး ဘာပြသနာရှာထားပြန်ပြီလဲ"

ကိုကိုးတို့အဖေက ပထမစကားတစ်ခွန်းကို လင်းဟန်သာကိုရည်ရည်မွန်မွန်ပြုံးပြရင်း မေးပြီးတဲ့နောက် ကျန်စကားတစ်ခွန်းကို ကိုကိုးဘက်လှည့်ရင်းမျက်နှာထားတည်တည်နှင့် ကြည့်ရင်း မေးတယ်။

Kōhī {Complete }Tempat di mana cerita hidup. Terokai sekarang