Unicode☕️
သမီးရည်းစားတွေကပုံမှန်ဘယ်လိုပြုမူကြလဲ ကိုကိုးတကယ်မသိဘူး။လင်းဟန်သာကသူ့ရဲ့ရည်းစားဦးဆိုလည်း ဟုတ်သလိုအချစ်ဦးဆိုလည်းဟုတ်တယ်။ကိုကိုးကတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ချစ်သူဆိုတဲ့ခေါင်းစဉ်အောက်ရောက်သွားတော့လည်း ဘာမှသိပ်မပြောင်းလဲသွားဘူးလို့ထင်တယ်။လင်းဟန်သာက သူ့အပေါ်မှာနဂိုတည်းကကို ဂရုစိုက်တတ်လွန်းတာကြောင့်လည်းဖြစ်မယ်။
ချစ်သူတွေမဖြစ်ခင်တည်းက ဒီလို ဂရုစိုက်အလေးထားမှုတွေကို ကိုကိုးကရနေခဲ့တော့ ချစ်သူတွေဖြစ်ပြီးနောက်လည်း ဒီလိုအရာတွေကိုသိပ်ထွေထွေထူးထူးသတိမထားမိတော့ဘူး။ ဒါကြောင့် သူတို့ဆက်ဆံရေးကထူးထူးခြားခြားမပြောင်းလဲတာလို့ ကိုကိုးထင်နေတာလည်းဖြစ်သင့်ပါတယ်။
သူတို့ကချစ်သူတွေမဖြစ်ခင်တည်းက ချစ်သူတွေနီးနီးပြုမူနေထိုင်ကြတယ်ဆိုတဲ့ အချက်ကိုတော့ငဒူလေးကိုကိုးကထည့်မတွက်မိ။သို့သော်လည်း ပြောင်းလဲသွားတဲ့အချက်နည်းနည်းတော့ ရှိပါသေးတယ်။အေးတိအေးစက်လင်းဟန်သာရဲ့ကိုကိုးအပေါ်ပြောဆိုပုံတွေက အရင်ကထက်နူးညံ့လာတယ်။ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေ ပိုများလာတယ်။
ညဆိုရင် လင်းဟန်သာကသူ့ရဲ့အိပ်ခန်းပြတင်းပေါက်ကနေ တစ်ဖက်ပြတင်းပေါက်ကကိုကိုးလူရိပ်လေးထွက်မပြမချင်း ရပ်စောင့်တတ်တယ်။ ကိုကိုးကိုလည်းညီညီက ညတိုင်းပြတင်းပေါက်နားဘာထွက်ထွက်လုပ်သလဲလို့တောင် မေးရတဲ့အထိအချစ်ငှက်နှစ်ကောင်ဖြစ်လာကြတယ်။
ကိုကိုးကတော့ ဒီအခြေအနေတွေအကုန်လုံးကို သဘောကျတယ်။တစ်ပတ်သာရှိသေးပေမယ့်လည်း ကိုကိုးကတစ်ဖက်လူရဲ့ အလိုလိုက်မှုတွေအောက်မှာ ရဲတင်းလာပါတယ်။သူကလင်းဟန်သာရဲ့လက်မောင်းကိုပါးနှင့်ပွတ်ရတာကို သဘောခွေ့သလို တစ်ဖက်လူကိုခပ်ဖွဖွလေးကိုက်ရတာကလည်း ဝါသနာတစ်ခုလိုဖြစ်လာတယ်။လင်းဟန်သာက ကိုကိုးနှင့်အတူရှိချိန်တွေဆို ပိုပြုံးရယ်လာတယ်။ ကိုကိုးကလင်းဟန်သာအတွက် ပျော်ရွှင်စေတဲ့ဆေးလုံးလေးပါပဲ။
ဆောင်းဝင်လာတော့ ကိုကိုးတို့မြို့ရဲ့အအေးဓာတ်က ပိုပြင်းလာပေမယ့်လည်း မီးလင်းဖိုရှိတဲ့ဧည့်ခန်းကျယ်ကြီးရဲ့သားမွေးခင်းဆိုဖာရှည်ပေါ်မှာ ကန့်လန့်ဖြတ်လှဲနေရတဲ့ကိုကိုးကတော့ ဒီဆောင်းလေအေးကိုမမှုပါ။ ကန့်လန့်ဖြတ်လှဲနေတဲ့ကိုကိုးရဲ့လက်ထဲမှာ စာအုပ်တစ်အုပ်ရှိနေပြီးတော့ သူကအဲဒီစာအုပ်ကိုအသေအချာအာရုံစူးစိုက်ရင်း ဖတ်နေခဲ့တယ်။
![](https://img.wattpad.com/cover/307214715-288-k784013.jpg)
KAMU SEDANG MEMBACA
Kōhī {Complete }
RomansaKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.