Unicode 🦊
အလုပ်တက်ရတဲ့ ရက်တွေမှာ ထည်ဝါညီညီကစိုင်းဘုန်းလင်းစက်ရဲ့အိမ်ကို မနက်တိုင်းသွားရတယ်။တစ်လ၊နှစ်လ၊သုံးလ လတွေထပ်လာတော့ ညီညီကဒီအလုပ်နှင့်ရင်းနှီးကျင့်သားရလာတယ်။ပထမတော့ သူအတင်းအကြပ်ဖိအားပေးပြီးလုပ်ခဲ့ရတာဆိုပေမယ်လို့ အခုတော့သူကိုယ်တိုင်လည်း အလုပ်လုပ်ရတာ အဆင်ပြေတယ်လို့ခံစားမိလာတယ်။ပြောရရင် သူဋ္ဌေးကိုပြန်ပြီးမလေးမစားလုပ်လို့ရတာဆိုလို့ အဲဒီအလုပ်ပဲရှိလိမ့်မယ်။အဲဒီလူနှင့်သူက ဘယ်လောက်ပဲမတည့်မတည့် အဆုံးမှာ သူငယ်တန်းကလေးနှစ်ယောက်ရဲ့ရန်ပွဲလို ဘာမှရေးကြီးခွင်ကျယ်မဟုတ်ဘဲ ပြီးပြီးသွားရတာပဲ။
ညီညီ ကွန်ဒိုအခန်းရှေ့ရောက်တော့မနက်ခုနှစ်နာရီဆယ့်ငါး၊သူကအမြဲအချိန်မှန်တယ်။တံခါးဘဲလ်ကိုသုံးချက်နှိပ်လိုက်တယ်။တုံ့ပြန်သံမကြားရ။အရင်ကဆို တံခါးဘဲလ်နှစ်ချက်နှိပ်ပြီးပြီဆိုတာနဲ့ တစ်ဖက်ကတံခါးပွင့်နေပြီးပြီ။ဒီနေ့မှ ထူးထူးဆန်းဆန်း ကြန့်ကြာနေတာမလို့ သူစိတ်မရှည်တော့။တံခါးဘဲလ်ကို အဆက်မပြတ်ကိုမရပ်မနားနှိပ်ပစ်လိုက်တယ်။ဆယ်မိနစ်လောက်ကြာပြီးတဲ့နောက်မှာ တံခါးကဖွဖွလေးပွင့်သွားတယ်။အထဲကနေ တံခါးကိုဖွဖွလေးဆွဲဖွင့်တာမှန်း သိသာတယ်။အရင်ကဆို အဲဒီလူကတံခါးကိုလျှပ်စီးလက်သလိုဆွဲဆွဲဖွင့်တာ အကြမ်းပတမ်း။
တံခါးပွင့်သွားပြီးတော့ ညီညီညအိပ်ဝတ်စုံတောင်မချွတ်ရသေးတဲ့တစ်ဖက်လူရဲ့ဖြူဖျော့နေတဲ့မျက်နှာကို ဦးဆုံးတွေ့လိုက်ရတယ်။မျက်လုံးချွန်ချွန်တွေက အပြည့်အဝတောင်မပွင့်။နှုတ်ခမ်းသားတွေက ရဲတက်နေတယ်။မျက်ခုံးတွေတွန့်ချိုးထားပြီး ပါးနှစ်ဖက်ကလည်းရဲနေသေးတယ်။စောစောစီးစီး အရက်တွေသောက်ထားတာလား။သူနှာခေါင်းကို ပွရှုံ့ပွရှုံ့လုပ်ပြီး ဟိုဟိုဒီဒီအနံ့ခံကြည့်တယ်။အရက်နံ့တော့ထွက်မနေဘူး။သေချာတယ် ဈေးကြီးတဲ့ဝိုင်တစ်ခုခုသောက်ထားတာပဲနေမှာပေါ့။မနက်စောစောစီးစီးကို ကြည့်စမ်း။
"အရက်တွေသောက်ထားတာမလား"
အိမ်ထဲအရင်မဝင်သေးဘဲ အိမ်အဝမှာရပ်နေဆဲနှင့် သူမေးလိုက်တယ်။တစ်ဖက်လူကခေါင်းယမ်းပြပြီး သူ့ဆီခြေတစ်လှမ်းတိုးလာတယ်။အဲဒီနောက် တစ်ဖက်လူရဲ့ခေါင်းကအလေးတုံးချိတ်လိုက်သလို သူ့ဆီငိုက်စိုက်ကျလာပြီး သူ့လည်ပင်းသားကအနှီလူရဲ့နဖူးနှင့်ကွက်တိသွားထိမိတယ်။ပူကျစ်တောက်နေတာပဲ။ကျေးဇူးပြုပြီး အရက်မူးနေတာသာဖြစ်လိုက်ပါတော့လား။ဖျားနေတဲ့လူကို ဘယ်လိုပြုစုပေးရမလဲသူမသိဘူး။
ESTÁS LEYENDO
Kōhī {Complete }
RomanceKōhī = coffee in japanese☕☕ This story will make you feel warm and cozy, like having coffee on a rainy day.